Monday 14 April 2014

စေတနာအသင်းနှင့်မြ၀တီသင်္ကြန်အကြိုနေ့





    ၂၀၁၄  မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ပျော်ရွှင်စွာ နှစ်ကူးကြမည့် လူငယ်လူရွယ်များ၊
 သားသမီးများအတွက် မိဘများ၊ သက်ဆိုင်သူများ၏ ရင်ထဲက စိုးရိမ်ရင်ပူအမှတ်မည်မျှ
 အထိ ရောက်ရှိနေသည်ကို တိုင်းတာကြည့်မိပါသည်။အထူးသဖြင့်တော့ သင်္ကြန် ပွဲတော်
 ကာလ မှာမြန်မာ့ တန်ဖိုးတွေ ပျောက်ပျက် မသွားအောင် အလေးအနက် ထားကြ ရပါတော့
 မယ်။
      ကိုယ်တိုင်လည်း သင်္ကြန်အခါဆို ပျော်ခဲ့တာမို့ လူငယ်တွေပျော်ချင်ကြမှာ ကို နားလည်ပါတယ်။
 ယဉ်ကျေးစွာဆင် နွှဲရမယ့် သင်္ကြန်ဆိုတာ မမေ့စေချင်ဘူး။ သည်းခံ စိတ်မွေးကြပါ။ သတိနဲ့ပျော်ကြ ပါ။
အပျော်ရဲ့နောက်မှာ အန္တရာယ်အကြီးစားရှိတာသတိချပ်စေချင်ပါတယ်။ လူငယ်တွေ ဘေးကင်းစွာ
ပျော်ရွှင်ကြ တာကို မြင်ချင်ပါတယ်။ သင်္ကြန်ကာလရက်များအတွင်း မြ၀တီစေတနာနာရေးလူမှုကူညီရေး
အသင်းမှမိဘပြည်သူများ၏အရေးပေါ်(အက်စီးဒင့်)ကိစ္စရပ်များကိုအချိန်နှင့်တပြေညီကူညီဆောင်နိုင်ရန်
အရေးပေါ်လူနာတင်ယာဉ်ကား(၆)စီဖြင့်နေစဉ်အမျှကူညီဆောင်ရွက်ပေးနေပါတယ် ယနေ့မြ၀တီသင်္ကြန်
အကြို့နေမှာတော့ (အက်စီဒင့်)ဖြစ်တဲ့အရေးပေါ်လူနာများကိုလိုအပ်သောကူညီမှုများပြုလုပ်ပြီးဆေးရုံး
သို့အချိန်မှီ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။  ဦးလှထွန်း(စေတနာ)

နှစ်သစ်မင်္ဂလာ၏ဒေါ်နန်းသီသီဦးမိသားစုအလှူတော်မင်္ဂလာ














မြ၀တီမြို့ အမှတ်(၄)ရပ်ကွက်၊မေတ္တလမ်းမကြီးအနီနေ ဒေါ်နန်းသီသီဦှး(ရွှေပါရမီ)ကျန်းမာရေး
ဖောင်းဒေးရှင်းမိသားစုမှ မြ၀တီမြို့တွင် လူမှုရေးဘာသာရေး၊ကျန်းမာရေးလုပ်ငန်းများအရေးပေါ်
ကယ်ဆယ်ရေးလုပ်ငန်းများအကျိုးမာန်ထက်လုပ်ကိုင်ဆောင်ရွက်သော မြ၀တီစေတနာ နာရေး
လူမှုကူညီရေးအသင်းသူ/သားများနှင့် မြ၀တီမြို့ မီးသတ်တပ်ဝင်များ ရပ်ကွက်နေ ပြည်သူများ
အတွက်(၂၄)ပြည်ပါ ပေါ်ဆန်မွှေးဆန်အိတ်(၆၀)အိတ်အား စေတနာ သဒ္ဒါထက်သန်စွာဖြင့်လှူဒါန်း
သည့်အတွက်မြ၀တီမြို့စေတနာနာရေးလူမှုကူညီရေးအသင်းမှလှူဒါန်းမှုအစုစုအတွက်သာဓုခေါ်ဆို
ချီးမြှင့်အပ်ပါသည်။

၁/၂၀၁၄ အရေးပေါ်သင်တန်းဆင်းပွဲ

















မြ၀တီစေတနာနာရေးလူမှုရေး ကူညီရေးအသင်းရုံးချုပ်မှကြီးမှူးဖွင့်လှစ်သင်ကြား
သောနိုင်ငံတကာအဆင့်မှီအရေးပေါ်ကယ်ဆယ်ရေးလက်တွေ့သင်တန်းဆင်းပွဲ
အခမ်းအနားစေတနာသင်းရုံးတွင်ကျင်းပပြုလုပ်ခဲ့ပါသည်အခမ်းအနားသို့ မြ၀တီခရိုင်
မှဒေသအဏာပိုင်များတက်ရောက်ပြီး၊ “စေတနာ” နာရေးလူမှုကူညီရေးအသင်း အရေး
ပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ သင်ကြားပို့ချခဲ့သောသင်ခန်းစားများကိုစေတနာအသင်းမှ
အသင်းခွဲများမှအသင်းသားများအား အဖွဲ့လိုက်ယှဉ်ပြိုင်ခဲ့ပြီး၊ဆုရရှိသောသင်တန်းသား
များအားမြ၀တီစေတနာအသင်း၏ သင်တန်းနည်းပြချုပ် ဒေါက်တာကိုကိုအောင်နှင့်ဥက္ကဌ
ဦးလှထွန်းမှဆုများချီးမြှင့်ခဲ့ပြီး ၊မြ၀တီခရိုင်အုပ်ချူပ်ရေးမှူးနှင့်မြ၀တီမြို့နယ်အုပ်ချူပ်
ရေးမှူးတို့ မှ  မြ၀တီ-ကော့ကရိတ်ခရီးသည်တင်ယာဉ်တိုက်မှောက်မှုဖြစ်ပွားဖြစ်စဉ်တွင်
စွမ်းစွမ်းတမံလုပ်ကိုင်ခဲ့သော သင်တန်းသား(၂)ဦးအားဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပါသည်။
စေတနာအသင်း၏ သင်တန်းနည်းပြချုပ်ဒေါက်တာကိုကိုအောင်နှင့်ဥက္ကဋ္ဌဦးလှထွန်းတို့မှ
မိမိအသင်းအနေဖြင့်နိုင်ငံတာကာအဆင့်မှီအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအားမြန်မာ
နိုင်ငံအတွင်းရှိနယ်ပရဟိတအသင်းများသို့(အခမဲ့)သင်ကြားနိုင်ရန်အတွက်ကြိုးစားဆောင်
ရွက်သွားပါမည်။

Friday 11 April 2014

မြ၀တီ-ကော့ကရိတ်တောင်ပေါ်လမ်းခရီးသည်ကားတိမ်းမှောက်











(၁၀-၄-၂၀၁၄) မြ၀တီမှ ကော့ကရိတ်သို့ ခရီးသည်များတင်ဆောင်လာသောအိုအေစစ် မှန်လုံခရီး
သည်ယာဉ်သည် တရုပ်ဖြူတောင်နှင့် အလယ်ဗိုလ်တဲကြားနေရာအရောက်တွင် ဘရိတ်ပေါက်ပြီး
ပေ(၁၀၀)ခန့်ရှိသောတဖက်ချောက်ထဲသို့ ထိုးဆင်းသွားပါသည်၊ကားထဲတွင်တဖက်နိုင်ငံတွင်အလုပ်
လုပ်ပြီးသင်္ကြန်ပြန်ခရီးသည်(၄၅) ဦးပါရှိသည်၊ကားမှာခရီးသည်များနှင့်အတူချောက်ထဲလိမ့်ဆင်းပြီး
မှန်လုံးကားအတွင်းခရီးသည်အမျိုးသား(၂)ဦး၊အမျိုးသမီး(၄)သေဆုံး၍ ၄၀ဦးဒါဏ်ရာရရှိခဲ့ပါသည်၊
ကားတိမ်းမှောက်မှုအခင်းဖြစ်ပွားရာနေရာသို့ မြ၀တီမြို့စေတနာနာရေးလူမှုကူညီရေးအသင်းမှနာယက
ဒေါက်တာကိုကိုအောင်နှင့်ဥက္ကဌ ဦးလှထွန်း နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အရေးပေါ်
သင်တန်းတက်ရောက်နေသောသင်းတန်းများနှင့်မြ၀တီမီးသတ်စခန်းမှကိုအောင်စိုးနှင့်အဖွဲ့ဝင်များမှာ
ခက်ခက်ခဲခဲကြိုးနဲ့ဆင်းပြီးကားအတွင်းအနောက်ဘက်နေရာမှညှပ်နေတဲ့သူ(၄)ဦးတိုကိုကြိုးစားဖြင့်
့ဆွဲနိုင်ခဲ့ပါသည်။ မြ၀တီစေတနာအသင်းကြီးနှင့်အတူအတူဝိုင်ဝန်းကူညီဆောင်ပေးရွက်ကြသော
ကော့ကရိတ်ခရိုင်မှတာဝန်ရှိလူကြီးမင်းများ၊မြ၀တီခရိုင်မှတာဝန်ရှိလူကြီးမင်းများ၊ ကျွန်တော်၏
အဆုံးညီလေးကိုအောင်စိုးနှင့်မြ၀တီမြို့မီးသတ်စခန်းအဖွဲ့မှတပ်ဝင်များ၊အရေးပေါ်သင်းတန်းတက်
ရောက်နေသော ငြိမ်ချမ်း နာရေးကူညီမှု အသင်း(ရွေကုက္ကို)၊မဲတော်သလေး၊မင်းလက်ပံ၊အင်ကြင်းမြိုင်
မှအရေးပေါ်သင်တန်းတက်ရောက်သော သင်တန်းသားများအားလုံးကို လုပ်ငန်းစဉ်အောင်မြင်ရေး
တက်ညီလက်ညီဖြင့်ပူးပေါင်းပါဝင်ကူညီဆောင်ပေးနိုင်ခဲ့ပါသည်။ဓါတ်ပုံ-ခွန်သန်းဇော်ဝင်း(စေတနာ)



Monday 7 April 2014

ကိုကွမ်း+မမွေး အလှူတော် မင်္ဂလာ





ကိုကွမ်း+မမွေးမိသားစုမှမြ၀တီစေတနာ နာရေးလူမှုကူညီရေးအသင်းတွင်လူမှုရေး၊ဘာသာရေး ၊
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက်အလှူတော်ငွေ(၁၀)သိန်းကျပ်
အားပေးလှူဒါန်းခဲ့သည်၊ဦးကွမ်း+မမွေးမိသားစု၏လှူဒါန်းမှုအစုစုအတွက် မြ၀တီမြို့စေတနာနာရေး
လူမှုကူရေးအသင်းကြီး မှ အစဉ်ထာဝရ၀မ်းမြောက်စွာဖြင့်သာဓုခေါ်ဆိုအပ်သည်။