Sunday 26 August 2012

(သို့မဟုတ်) သံဃာအပေါင်းတို့ ကြည့်ကြပါဦး ဘုရား






၂၆.၈.၂၀၁၂  ရက်နေ့ နေလည်(1း00)အချိန်တွင်မြ၀တီမြို့ရဲစခန်းမှ စေတနာ နာရေးကူညီမှုအသင်း
(မြ၀တီ) ရုံး သို့ သေမှု/သေခင်း၊ အကြောင်းရာမူခင်းဖြစ်ပွားရာ သို့  မြ၀တီမြို့   စေတနာ နာရေးကူညီမှု
အသင်းကြီးမှမြ၀တီမြို့ တောင်ဘက်အခြမ်းရှိ (မာမီ)ဂိတ် အကျော်သောင်းရင်ချောင်းဘေးတွင်
ရဟန်းတစ်ပါး ၏ အလောင်းကိုသွားရောက်ကောက်ယူကူညီပေးခဲ့ပြီးမြ၀တီမြို့ သုဿန်တွင်
စေတနာ နာရေးကူညီမှုအသင်း(မြ၀တီ)မှ(အခမဲ့)ကူညီဆောင်ရွက်ပေးခဲ့သည်။ စေတနာ နာရေးကူမှုအသင်း(မြ၀တီ)အသင်းအနေဖြင့် မှုခင်ဖြစ်စဉ်ကိုတော့ကျွန်တော်တို့လည်း
မသိဘူးခင်ဗျာ၊ကျွန်တော်တို့အသင်းနေဖြင့် သွားရောက်ကူညီပေးခဲ့တာပါ..

Wednesday 15 August 2012

မဲဆောက်မြို့ကိုအရေးပေါ်လူနာပို့တဲ့ည





   ယနေ့ည(၇)နာရီအချိန်တွင်မြ၀တီမြို့ပြည်သူဆေးရုံးကြီးမှာအရေးပေါ်ခြေထောက်ကြိုးသွားသော
  လူနာတစ်ဦးအားမြ၀တီမြို့စေတန နာရေးကူညီမှုအသင်းမှမဲဆောက်ဆေးရုံးကြီးသို့ (အခမဲ့ကူညီ)
  ပို့ဆောင်ပေးခဲ့သည် အပြန်မှာတော့ (T.A.M)company သို့ဝင်ရောက်ခဲ့ပြီးထိုင်း-မြန်မာချစ်ကြည်
  ရေးတံတားအနီမှာတော့ထိုင်းနိုင်ငံလက်ဝါအဖွဲ့နှင့်စေတနာနာရေးကူညီမှုအသင်း (မြ၀တီ) အဖွဲ့ 
  နှင့်အမှတ်တရမှတ်တမ်းဓါပုံများရိုက်ခဲ့သည် ....
                                                     ALL - Photo 

Sunday 12 August 2012

ဒီနေ့ အတွက် ရေဘေးအလှူ





ဒီနေ့အလှူမှာတော့၊မဲဆောက်မြို့နာရေးကူညီမှုအသင်းနှင့်ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိTAMCO ကုမ္ပဏီရုံးတာဝန်ခံနှင့်မြ၀တီမြို့ စေတနာ နာရေးကူညီမှုအသင်းနှင့် နိုင်ငံကျော်ရုပ်ရှင်မင်းသား
 ဝေ ဠုကျော်နှင့်  ရုပ်ရှင်မင်းသမီးပွင့်နဒီမောင်တို့မှ   ပူးပေါင်း  ကာမြ၀တီမြို့ တွင် ရေဘေး သင့်ပြည်သူများရှိရာနေရာ   (၃) နေရာ သို့  သွားရောက် ကာ ရေဘေးသင့် ပြည်သူများ က
အားပေးစကားများပြောကြားခဲ့ပြီး ထမင်းထုပ်များ မာမားခြောက်ထုပ်များ၊
မုန့်များအပြင်အ၀တ်အထည်များ ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ထိုင်းနိုင်ငံတွင်  ပတ်စ်ပို့ပြုလုပ်
ရန် အတွက် စောင့်ဆိုင်းနေသော မြန်မာနိုင်ငံသားများထံသို့ လည်း သွားရောက်
 ကာထမင်းထုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး အားပေးစကား များပြော ကြားခဲ
့ ကြောင်း သိရသည်။


Saturday 11 August 2012

ရေဘေးရဲ့နောက်ဆက်တွဲ




ကျွန်တော်တို့မြ၀တီမြို့ စေတနာ နာရေးကူညီမှုအသင်းနှင့်မဲဆောက်မြို့ နာရေးကူညီမှုအသင်းနှင့်
 မြ၀တီရှိပရဟိတညီအစ်ကိုများစုပေါင်း၁၁-၈-၂၀၁၂ ရက်နေ့နံနက်(၉း၀၀)နာရီအချိန်တွင်ရေဘေး
ဒုက္ခဖြစ်သူများကို အစားအစာနှင့်ရေသန့်ဗူများကို မြ၀တီမြို့ ဖားခြောက်ကောင်ကျောင်းဝင်ရှိလူဦးရေ
 (၆၀၀)ကျော်ကိုလိုက်လံဝေငှားပေးခြင်း၊ရေပူကျေးရွာရှိလူဦးရေ(၃၀)ကျော်ကိုမာမာခေါက်ဆွဲတစ်ဦးလျှင်
(၄)ထုတ်နှုန်း၊ထမင်းဟင်တစ်ထုတ်စီ၊ရေသန့်တစ်ဗူစီဖြင့်ဝေငှလှူဒါန်းခဲ့သည်။
                   

Thursday 9 August 2012

မြ၀တီမြို့ ၏ရေဘေးဒုက္ခ




၇-၈-၂၀၁၂ ည(၉း၃၀)အချိန်တွင်တိုင်းထွာချက်အရမြ၀တီမြို့သောင်ရင်းမြစ်ရေသည် စိုးရိမ်အမှတ်ကိုကျော်
လွန်ရောက်ရှိသည်အတွက်မြ၀တီမြို့ပေါ်မြေနိမ့်ရပ်ဝန်းရပ်ကွက်များဖြစ်သောအမှတ်(၁)၊အမှတ်(၅)၊အမှတ်
(၃)ရပ်ကွက်များတွင်မြစ်ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ကာ လူနေအိမ်များကို အမှတ်(၁)ရပ်ကွက်မိုးကုတ်ဓမ္မရုံးနှင့်
ဝေနေယသုဓမ္မရုံးသို့အရေပေါ်ပြောင်းရွှေ့နေထိုင်ကြရသည်  မြ၀တီမြို့စေတနာနာရေးကူညီမှုအသင်းနှင့်
ပရဟိတညီအစ်ကိုများမှလိုက်လံ၍ကူညီဆောင်ရွက်ပေးနေပါသည် ....

Thursday 2 August 2012

အန္တိအဂ္ဂိဈာပနအခမ်းအနား






မြ၀တီမြို့နယ်၊ထီးချားရားကျောင်းတိုက်၏ပဓာနနာယကကျေးဇူတော်ရှင်ဆရာတော်ဦးသုသုကအသက်တော်
(၄၅)နှစ်၊၀ါ(၂၅)၏အန္တိအဂ္ဂိဈာပနအခမ်းအနားကိုမြ၀တီမြို့ထီးချားရားကျောင်းတိုက်အတွင်း၌ကျင်းပပြုလုပ်ခဲ့
သည်၊အန္တိအဂ္ဂိဈာပနအခမ်းအနားကို(၁.၈.၂၀၁၂)ရက်နေ့တွင် မြ၀တီမြို့စေတနာနာရေးကူညီမှုအသင်းနှင့်
ထီးချားရားကျေးရွာရှိရွာသူ/ရွာသားများနှင့်ဝိုင်ဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။