Saturday 10 December 2016

Emergency basic life support training

























Emergency basic life support rescue training course
location -  NO.1022 BORDER GUARD FORCE
MYAWADDY TOWNSHIP KAYIN STATE
instructors - Myanmar RESCUE Organization

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအအဖွဲ့ချူပ်(မြ၀တီ) နှင့် ကရင်ပြည်နယ်၊နယ်ခြားစောင့်
အမှတ်(1022)တို့ ပူပေါင်းပြီး နိုင်ငံတကာအဆင့်မီအရေးပေါ်ကယ်ဆယ်ရေး
သင်တန်း(6.12.2016)(10.12.2016)ရက်နေ့ စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ပြီး
(10.12.2016) ရက်နေ့ တွင်သင်တန်းဆင်ပွဲနှင့်လက်တွေ့သရုပ်ပြအခမ်းအနားတွင်
ယာဉ်မတော်တဆတိုက်မှုများတွင်ထိခိုက်ဒဏ်ရရှိသူများကူညီကယ်ဆယ်ရေးလုပ်ဆောင်ချက်များကို
လက်တွေ့    ပြုလုပ်ခဲ့သည်။ သင်တန်းဆင်ပွဲအခမ်းအနားတွင်အမှတ်(1022)နယ်ခြားစောင့်တပ်၊တပ်မှူး
ဗိုလ်မှူးစောမုတ်သုံမှအားပေးချီးမြှင့်ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (Myanmar RESCUE Organization)
 ဥက္ကဌ ဦးလှထွန်း မှမိမိတို့၏ လူမှုကယ်ဆယ်ရေးအဖွဲ့ ကြီးအနေဖြင့် အရေးပေါ်လူမှုကယ်ဆယ်ရေးပညာရပ်များကို မြန်မာနိုင်ငံရှိပြည်နယ်/တိုင်း(၁၂)ခုရှိ
 လူမှုကယ်ဆယ်ရေး ပရဟိတအသင်းအဖွဲ့ေ
ပါင်း(၈၀)တို့အား လိုက်လံပြသ သင်ကြားနိုင်ခဲ့ပြီးဖြစ်ပါသည်   ယခုအခါ နယ်ခြားစောင့် စစ်သည်များ အနေဖြင့်  မိမိတို့၏အရှေ့မှောက်  တစ်စုံတဦး
ဘေးအန္တရာယ် ကျရောက်လာပါက ကျန်မာရေးအရ၊ ထိခိုက်ဒဏ်ရာရရှိပါက(ဆေးရုံသို့မရောက်မှီ/ရောက်ရှိပါက) လျင်မြန်စွာ လွယ်ကူစွာ
ဆက် လက်ကုသနိုင်ရေးထပ်မံ၍ ဘေးထွက်ဆိုးကျိုးများမဖြစ်စေးရန် လူနာအား သက်တောင့်သက်သာဖြစ်စေရေး၊
ဆေးဘက်ဆိုင်အထောက်အကူပြုအရေးပေါ်ကယ်ဆယ်ရေးနည်ပညာများအား၊နယ်ခြားစောင့်စစ်သည်များအနေ
ဖြင့် တက်မြောက်ထားသင့်ပြီး၊အရေးပေါ်လူနာများအား အချိန်မှီ ကယ်ဆယ်/ကယ်တင်နိုင်ရေး
အတွက် မိမိတို့အဖွဲ့မှ တက်သိထားသောအရေပေါ်ကယ် ဆယ်ရေးနည်ပညာများအားသင်ကြားပို့ချပေးခဲ့ပြီး
နိုင်ငံတကာအဆင့်မီအရေးပေါ်သင်တန်းတွင်အရေးပေါ်လူနာများအား ပစ္စည်းမဲ့အသုံးပြုနည်းများနှင့်စစ်မြေ
ပြင်လူနာသယ်ဆောင်နည်းများနှင့်နိုင်ငံတကာ တွင်အသုံးပြုနေသောအရေးပေါ်သုံးပစ္စည်းများ၏ နည်းစနစ်များဖြင့် မိမိ၏မိသားစု မိတ်ဆွေအပေါင်းအသင်းများ လမ်းသွားလမ်းလား အများပြည်သူတို့ အသက်ကို ကယ်ဆယ်ခြင်း
ကုသိုလ်ယူကြပါရန်...
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအအဖွဲ့ချူပ်(မြ၀တီ) နှင့် ကရင်ပြည်နယ်၊နယ်ခြားစောင့်တပ်များ  နှင့်ပူပေါင်းပြီး  ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုနှင့်ပေါင်းစပ်၍ ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်သွားပါမည့် ဂုဏ်ပြုပြောကြားသွားပါသည်။
Photo KhunThanZawWin(Myawaddy RESCUE Team)

Sunday 23 October 2016

Stop the accident on the Asia Road,Myawaddy road and Kawkareik part.

Date 23.10.2016 Time (4:44) PM
Stop the accident on the Asia Road,Myawaddy road and Kawkareik part.
passenger Car & Toyota Markx
Car accident rescued assisting  (2)  people
myanmar rescue myawaddy team
NyiNaung RESCUE team  rescueding
(23.10.2016) ညနေ(4:45) အချိန်တွင် မြ၀တီ-ကော့ကရိတ် အာရှလမ်း
ကွမ်းခြံကွေး အနီ တွင်
ခရီးသည်တင်မှန်လုံကားနှင့်toyota mak x ယာဉ်(၂)စီး ယာဉ်တိုက်မှုဖြစ်ပွား
ခဲ့သည်...toyota max ပေါ်တွင် စီးနင်လိုက်ပါသည်သူ(2) ဦး ထိခိုက်ဒဏ်ရ
ရရှိခဲ့ပြီး (Myammar RESCUE ) Myawaddy Team . Nyi Naung
RESCUE Team တို့ မှ အခင်းဖြစ်ပွားသည်နေရာတွင် လိုအပ်ကူညီများ
ဖြင့် ပြုစု ကူညီပေးခဲပြီး မြ၀တီဆေးရုံ အရေးပေါ်ဌာနသို့ကူညီပို့ဆောင်
ပေးခဲ့သည်။






Sunday 3 July 2016

Pathein BLS Training














Emergency basic life support
rescue training course
location -Ayeyarwady Region  Pathein
(Burma)
instructors -  Myanmar RESCUE organization & Myawaddy RESCUE team
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအအဖွဲ့ချူပ်(မြ၀တီ)
မြ၀တီမြို့စေတနာလူမှုကယ်ဆယ်ရေးအသင်း (Myawaddy RESCUE) အဖွဲ့ နှင့် ရန်ကုန်တိုင်း
တွံတေးမြို့စိတ္တသုခကုသိုလ်ပြုအသင်း(TWANTAY RESCUE)အဖွဲ့၊မန္တလေးတိုင်းချမ်းမြသုခလူ
မှုကူညီရေးအသင်း(CMTK RESCUE)အဖွဲ့၊ရန်ကုန် ဒလမြို့လူမှုကယ်ဆယ်ရေးအသင်း(DA LLA RESCUE)
အဖွဲ့များနှင့်ပူပေါင်းပြီး နိုင်ငံတကာအဆင့်မီအရေးပေါ်ကယ်ဆယ်ရေး(အခမဲ့)သင်တန်းအား
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး(ပရဟိတကွန်ယက်)အဖွဲ့မှ အကူညီတောင်းခံ
မှုကြောင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊မြ၀တီစေတနာလူမှုကယ်ဆယ်ရေးအဖွဲ့တွံတေး စိတ္တသုခအသင်းနှင့်
ချမ်းမြသုခ(ပရဟိတ)လူမှုကူညီရေးအသင်း၊ဒလမြို့လူမှုကယ်ဆယ်ရေးအသင်း တို့မှသွားရောက်၍သင်ကြားဖွင့်လှစ်
ပေးခဲ့သည်။ (4-7-2015)ရက်နေ့တွင်နိုင်ငံတာအဆင့်မီအရေးပေါ်ကယ် ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်း အနားအား၊
ပုသိမ်မြို့   အားကာစား  ခန်းမ တွင်အတွင်း၌ကျင်းပ ပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွငဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ မှ တက်ရောက်အားပေးချီးမြှင့်ကြပါသည် ၊မြန်မာနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ချူပ်၊
မြ၀တီစေတနာလူမှုကယ်ဆယ်ရေးအသင်း (Myanmar  RESCUE ) ဥက္ကဌ ဦးလှထွန်း မှ အရေးပေါ်လူမှုကယ်ဆယ်ရေး
ပရဟိတအသင်းအဖွဲ့ရှိအသင်းသူအသင်းသားတွေဟာ မိမိတို့မြန်မာနိုင်ငံတွင်ရှိ ကျန်မာရေးအရ ထိခိုက်ဒဏ်ရာရရှိပါက
(ဆေးရုံသို့မရောက်မှီ/ရောက်ရှိပါက) လျင်မြန်စွာလွယ်ကူစွာဆက်လက်ကုသနိုင်ရေး၊ထပ်မံ၍ဘေးထွက်ဆိုးကျိုးများ
မဖြစ်စေးရန် လူနာအား သက်တောင့်သက်သာဖြစ်စေရေး၊ ဆေးဘက်ဆိုင်အထောက်အကူပြုအရေးပေါ်ကယ်ဆယ်ရေး
နည်ပညာများအား၊ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး(ပရဟိတကွန်ယက်)အဖွဲ့
များရှိအသင်းသူ/သားများနှင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ ညီအကို
မောင်နှမများအားလုံးတက်မြောက်ထားသင့်ပြီး၊အရေးပေါ်လူနာများအား အချိန်မှီ ကယ်ဆယ်/ကယ်တင်နိုင်ရေး
အတွက် မိမိတို့အဖွဲ့မှ တက်သိထားသောအရေပေါ်ကယ်ဆယ်ရေးနည် ပညာများ အားသင်ကြားပို့ချပေးသွားပါမည်။
နိုင်ငံတကာအဆင့်မှီအရေးပေါ်(အခမဲ့)သင်တန်းတွင်အရေးပေါ်လူနာများအား ပစ္စည်းမဲ့အသုံးပြုနည်းများနှင့်နိုင်ငံတကာ
တွင်အသုံးပြုနေသောအရေးပေါ်သုံးပစ္စည်းများ၏ အသုံးပြုနေသောနည်း စနစ်များကို(5)ရက်တိုင်တိုင်အခမဲ့သင်ကြား
ပို့ချပေးခဲ့သည်။အဆိုပါအရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွင်ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ကယ်
ဆယ်ရေး (ပရဟိတကွန်ယက်) အဖွဲ့များမှသင်တန်းသား/သူ(၈၀)ဦး တက်ရောက်သင်ကြားကြသည်။
Photo - AungAung Mwd

Wednesday 13 April 2016

နှစ်သစ်မင်္ဂလာ အလှူတော်



မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊မင်းရဲကျော်စွာလမ်းနေ စေတနာအသင်း၏ နာယက ဦးလှသိန်း +
ဒေါ်အေးအေးသန်း မိသားစုမှ မြ၀တီမြို့တွင် လူမှုရေးဘာသာရေး၊ကျန်းမာရေးလုပ်ငန်းများအရေးပေါ်
ကယ်ဆယ်ရေးလုပ်ငန်းများအကျိုးမာန်ထက်လုပ်ကိုင်ဆောင်ရွက်သော မြ၀တီစေတနာလူမှုကယ်ဆယ်
ရေးအသင်းမှအသင်းသူ/သား မိသားစုများ အတွက် ဆန်အိတ်(၃၇)အိတ်အား စေတနာ သဒ္ဒါထက်
သန်စွာဖြင့် လှူဒါန်းသည့်အတွက်မြ၀တီမြို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးမှလှူဒါန်းမှုအစုစုအတွက်
သာဓုခေါ် ဆိုချီးမြှင့် အပ်ပါသည်။

နှစ်သစ်အလှူ



မန္တလေးမြို့နေ ကိုဇော်ဝင်းထွန်း+မ၀င်းဝင်းခိုင်၊ ကိုကျော်မိုး+မအေးအေးခိုင် 
မိသားစု မှ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြ၀တီစေတနာအသင်းသို့
အဘက်ဘက်တွင်အသုံးပြုနိုင်ရန်အတွက် အလှူတော်ငွေ(၁)သိန်းကျပ်တိတိ
အား အားလှူဒါန်းသွားပါသည်။စေတနာသဒ္ဓါထက်သန်စွာလှူဒါန်းအတွက် 
ကိုယ်စိတ်နှစ်ပါး/အေးချမ်းပါ စေငြိမ်းချမ်းပါစေဆင်းရဲခြင်းအပေါင်း မှချုပ်ငြိမ်း
ကြပြီးဒီနေ့ထက်အားလုံးရဲ့ ဘဝများပိုမိုလှပအောင်မြင်ပါစေကြောင်းမြဝတီ
စေတနာအသင်း(Myawaddy RESCUE Team မှဆုမွှန်ချွေအပ်ပါသည်။