Sunday 30 November 2014

(၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား/(10)Years anniversary





























































မြ၀တီမြို့စေတနာနာရေးလူမှုကူညီရေး(၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်
အနေဖြင့်နံနက်ပိုင်းအချိန်တွင်သံဃာတော်အရှင်သူမြတ်တို့အား အရုံဆွမ်းနှင့်
လှူဘွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
မြ၀တီမြို့စေတနာနာရေးလူမှုကူညီရေးကြီး၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်
အခမ်းအနားကို နိုဝင်ဘာလ (28) ရက်နေတွင်  ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီခရိုင်မြဝတီမြို့စေတနာနာရေးလူမှုကူညီရေအသင်း၏ (၁၀)နှစ်ပြည့်တည်ထောင်ခြင်း
နှစ်ပတ်လည်အခမ်းအနားသို့ ပခုက္ကူမြို့ အာယုသုခလူမှုကူညီရေးအသင်းမှဦးဆောင်ဆရာတော်
ဘုရားနှင့် မြ၀တီခရိုင်မြ၀တီမြို့မှဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံအတွင်းရှိရန်ကုန်တိုင်း
ဒေသကြီးမှတွံတေးစိတ္တသုခကုသိုလ်ပြုအသင်း၊မန္တလေးမြို့မှချမ်းမြသုခလူမှုကူညီရေးအသင်း၊
ဧရာဝတီတိုင်းအတွင်ရှိမအူပင်လူမှုကူညီရေးအသင်း၊အနယ်နယ်အရပ်ရပ်မှပရဟိတညီအကို
မောင်နှမများနှင့်တစ်ဖက်နိုင်ငံမဲဆောက်မြို့ရှိ(RESCUE)အဖွဲ့မှဧည့်သည်တော်များနှင့်
မြ၀တီမြို့စေတနာအသင်းခွဲမှညီအကိုမောင်နှမများနှင့်အသင်း၏စေတနာအလှူရှင်များ
အခြားဖိတ်ကြားထားသောဧည့်သည်တော်များမှအခမ်းအနားသို့တက်ရောက်ချီးမြှင့်ခဲ့သည်။
နှစ်ပတ်လည်အခမ်းအနားတွင်မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး
စေတနာအသင်း၏သဘာပတိကြီးဦးအောင်မြင့် မှ ပဏာမ အမှာစကားပြောကြားခဲ့ပြီး၊
မြ၀တီစေတနာနာရေးလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးလှထွန်းမှအသင်းနှင့်ပတ်သက်၍
ပြည်သူများ(တစ်နှစ်တာ)အတွင်းအပေါ်ဖေးမကူညီးမှုများနှင့်အသင်း၏ရည်ရွယ်ချက်၊
လူမှုရေးဆောင်ရွက်မှုများနှင့်ရှေ့လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးသွားပါသည်။
စေတနာအသင်း၏အလုပ်မှုဆောင်ကော်မတီဝင်များမှ အသင်း၏ ၀င်ငွေ/ထွက်ငွေ
သုံးစွဲမှုစာရင်းရှင်တမ်း(နှစ်ချုပ်)အားတင်ပြသွားပါသည်။စေတနာနာရေးလူမှုကူညီရေး
အသင်းကြီးသို့စေတနာ သဒ္ဓါတရား ထက်သန် စွာဖြင့်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ
အား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပြီး...စေတနာနာရေးလူမှုကူညီရေးအသင်းကြီး၏
(၁၀)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့်ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲတွင်
ဆုရသောအသင်းများကိုဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲသည်။