Tuesday 15 January 2013

စေတနာ ခြေလှမ်းသစ်များ





မြ၀တီမြို့ စေတနာ နာရေး/လူမှုကူညီရေးအသင်း ၏ ရည်ရွယ်ချက်နှင့်
လုပ်ဆောင်ချက်များ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ၊နာရး ကိစ္စများ
သဘာဝဘေး အန္တာရာယ်ကယ်တင်ရေး လုပ်ငန်းများ ကို စနစ်တကျ
ကူညီစောင့်ရှောက်ပေးနိုင်အတွက်ရည်ရွယ်ချက်များဖွဲ့စည်းတည်တောင်း
ထားသောအသင်းကြီးဖြစ်ပါသည်။ မြ၀တီ စေတနာ နာရေး/လူမှုကူညီရေး
အသင်းများ သည် မြ၀တီပေါ်သာမက ကျေးရွာများထိ  အသင်းခွဲများ
အောင်မြင်စွာ ဖွဲ့စည်းထောင်းပေးလျှက်ရှိသည်။ မြ၀တီ စေတနာနာရေး
လူမှုကူညီရေးအသင်း၏ အသင်းခွဲဖြစ်သောမဲထော်သလေးအသင်းခွဲ၏
(၁)နှစ်ပြည့် နှစ်ပတ်အခမ်းအနားကို မြ၀တီမြို့ စေတနာ နာရေးလူမှုကူညီ
ရေးအသင်း၏ဥက္ကဌဦးလှထွန်း အဖွဲ့ဝင်းများမှတက်ရောက်ခဲ့ပြီးအားပေး
စကားများပြောကြားပေးပြီးနောက် အသင်းခွဲအတွက်အလှူငွေတစ်သိန်း
ကျပ် ကိုလှူဒါန်းခဲ့ပါသည်။
မှတ်တမ်းဓါတ်ပုံများ

Friday 11 January 2013

အရေးပေါ်လူနာတင်ယာဉ်အတွက်စေတနာအလှူရှင်



မြ၀တီမြို့ စေတနာ နာရေး လူမှု့ကူညီရေးအသင်းတွက် ခေတ်မှီသောအရေးပေါ်လူနာတင်ယာဉ် ၀ယ်ရာတွင်
မတည်၍ လှူဒါန်းပေး ပါသော မြ၀တီမြို စေတနာ နာရေးလူမှု့ကူ ညီရေးအသင်း ၏ နာယက ဦးလှသိန်းနှင့်
ဇနီ ဒေါ်အေးအေးသန်း မိသားစု မှ  ဘတ် ၁၀၀၀၀၀ိ/ ပါဝင်လှူဒါန်းပေးခဲ့ပါသည်၊ ပါဝင်လှူဒါန်းပေးခဲ့သော 
ဦးလှသိန်း + ဒေါ်အေးအေးသန်း မိသားစု အတွက် မြ၀တီမြို့ စေတနာ နာရေးလူမှုကူညီရေးအသင်းမှ အစဉ်
သာဓုခေါ်ဆို ကျေးဇူးတင်ရှိပါသည်။

စေတနာအသင်းအတွက် ကား အလှူရှင်



မြ၀တီမြို့   စေတနာ နာရေးလူမှုကူညီရေးအသင်းတွင် လူမှုရေး ဘာသာရေး နှင့် နာရေး ကူညီမှုလုပ်ငန်းများ
တွင် အသုံးပြု နိုင်ရန်အတွက် နှစ်ဖက်သောမိဘနှစ်ပါးကိုဦးထိပ်ထား၍ ဦးဌေးဝင်း+ဒေါ်သန်းမြင့်(ဇွန်)ဆေး
ဆိုင် နှင့် ဦးမင်းအောင်+ဒေါ်ညို မိသားစု ၊ ဦးလှဟန်း+ဒေါ်သူဇာ (မသူဇာ)စတိုး မိသားစု မှ MAZDA MPV
မော်တော်ယာဉ် အား စုပေါင်း ၍ လှူဒါန်းပေး ခဲ့ပါသည် လှူဒါန်းပေးခဲ့သော  အလှူရှင်များအတွက် မြ၀တီမြို့
စေတနာ နာရေးလူမှုကူညီရေးအသင်းကြီးမှ အစဉ်ထာဝရ ၀မ်းမြောက်ဂုဏ်စွာဖြင့် သာဓုခေါ်ဆိုကျေးဇူးတင်
ရှိပါသည်။