Wednesday 3 December 2014

မွန်မြတ်သောအလှူ

နေလည် က မြ၀တီမြို့စေတနာနာရေးလူမှုကူညီရေးအသင်းမှအသင်း
သူ/သားများမြ၀တီအတွင်းလှည့်လဲ၍ စာအိတ်များဖြင့်အလှူငွေများ
လိုက်လံကောက်ခံနေစဉ်...မြ၀တီမြို့အာရှလမ်းဘေးတွင်တစ်နေရာ
တွင်(စိတ်မနှံတဲ့အရှုး)တစ်ယောက် တစ်ဦးတည်းနေထိုင်စားသောက်
ရပြီးလမ်းသွားလမ်းလားမိဘပြည်သူများမှ သာနား၍စွန့်ကြဲခဲ့ လှူဒါန်းခဲ့သည်
ငွေများထဲမှဟောင်းနွမ်းနေသောငါးရာတန်း(၂) ရွတ်အားမိမိအကျိုးအတွက်အသုံး
မပြုဘဲ မိဘပြည်သူတို့၏ (လူမှုရေး၊ကျန်မာရေး၊အရေးပေါ်ကယ်ဆယ်ရေးလုပ်
ငန်းများ၊နာရေးကိစ္စများကို) ကူညီပံ့ပိုးရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် 
မွန်မြတ်သော စိတ်ထားဖြင့် မြ၀တီမြို့ စေတနာနာရေးလူမှုရေးအသင်းကြီးသို့
လှူဒါန်းသွားပါသည်။

တစ်ချိန်က(စိတ်မနှံတဲ့အရှုး) အား စေတနာအသင်းကြီးမှစေတနာမေတ္တာထား
၍ရေချိုပေးခြင်း၊အ၀တ်များနှင့်စားစရာများ၊ကူညီလှူဒါန်းခဲ့သည်ကျေးဇူးတရား
သိတက်တဲ့ (စိတ်မနှံတဲ့အရှုး)တစ်ယောက်ရဲ့စိတ်ဓါတ်ကိုအရမ်းဂုဏ်မိပါတယ်။
တချိုတချိုသောလူအများက အသင်းကြီးသို့ပေးလှူလိုသောစေတနာသဒ္ဓါတရား
များမရှိကြပါ.... ကျွန်တော်တို့စေတနာအသင်းကြီးမှတစ်လကြိမ်စာအိတ်များဖြင့်
လိုက်လံ၍ အလှူခံစဉ် (ကန်တော့ဆွမ်း)ပါ  အိမ်မှာလူကြီးမရှိ တစ်ခါတံရံ 
အသင်းသူ/သားမျာ  အဟောက်ခံ ရပါတယ်....မိဘပြည်သူများမှပါဝင်ကူညီ
လှူဒါန်းလိုက်တဲ့အလှူငွေများဖြင့် အများပြည်သူတို့ ၏ သောကအပူမီးများ
ငြိမ်းအေးအောင်မေတ္တာထား၍လုပ်ဆောင်ပေးနေသည်စေတနာ အသင်းကြီးပါ။
အလှူဒါနပြုလုပ်ရာတွင်နည်းသည်၊များသည်ဟူ၍သတ်မှတ်ချက်မရှိ။ စိတ်ဆန္ဒ
သည်သာ အဓိက ဖြစ်ပေသည်။

ကိုယ်တိုင်ကြုံတွေ့ရသောဖြစ်ရပ်တစ်ခုပါ
ဦးလှထွန်း(စေတနာနာရေးလူမှုကူညီရေးအသင်း)

အရှိန်မြှင့်မောင်းနှင်မှုများကြောင့်မော်တော်ဆိုင်ကယ်(၂)စီးတိုက်













(2.12.14)ရက်နေ့ နေလည် (2:00)နာရီအချိန်တွင်မြ၀တီမြို့အာရှလမ်းမကြီး
မြသုခ(၂၇၅)တပ်ဦးကျောင်းအရှေ့တွင်အရှိန်မြှင့်မောင်းနှင်မှုများကြောင့်
မော်တော်ဆိုင်ကယ်(၂)စီးမျက်နှာခြင်းဆိုင်တိုက်မိပြီး ယာဉ်တိုက်မှုဖြစ်ပွား
ခဲ့သည်၊ဆိုင်ကယ်စီးနင်းမောင်းနှင်သူ(၂)ဦးအနည်းငယ်ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သည်၊ယာဉ်တိုက်မှုဖြစ်ပွာသည့်နေရာသို့ မြ၀တီစေတနာအသင်း
(myawaddy RESCUE ) အဖွဲ့ မှ သွားရောက်၍အရေးပေါ်လူနာ(၂)ဦးအား
လိုအပ်သည့်လုပ်ဆောင်မှုများပြုစုကူညီပေးခဲ့ပြီး..ယာဉ်တိုက်ခံရသောအရေး
ပေါ်လူနာအားမြ၀တီပြည်သူဆေးရုံသို့ဆေးကုသမှုများခံယူနိုင်အတွက်အချိန်မှီ
ပို့ဆောင်ပေးခဲ့သည်။

မြ၀တီအာရှလမ်းမှယာဉ်တိုက်မှု









(2-12-14)ရက်နေ့ နေလည် (1:30)နာရီအချိန်တွင် မြ၀တီမြို့အမှတ်(၄)
ရပ်ကွက်၊အာရှလမ်း(အောင်မင်းသန်းအိမ်ဆောက်စ္စည်း)အရောင်းဆိုင်
အနီတွင်ရေခဲရောင်းသည်(စက်ဘီး)နှင့်ကားယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်ခံရသောအရေးပေါ်လူနာ(ရေဲခဲရောင်းသည်အား) မြ၀တီ
စေတနာအသင်း(Myawaddy RESCUE) အဖွဲ့ မြ၀တီပြည်သူဆေးရုံသို့
ဆေးကုသမှုများခံယူနိုင်အတွက်အချိန်မှီပို့ဆောင်ပေးခဲ့သည်။

Sunday 30 November 2014

(၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား/(10)Years anniversary





























































မြ၀တီမြို့စေတနာနာရေးလူမှုကူညီရေး(၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်
အနေဖြင့်နံနက်ပိုင်းအချိန်တွင်သံဃာတော်အရှင်သူမြတ်တို့အား အရုံဆွမ်းနှင့်
လှူဘွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
မြ၀တီမြို့စေတနာနာရေးလူမှုကူညီရေးကြီး၏ (၁၀) နှစ်မြောက် နှစ်ပတ်လည်
အခမ်းအနားကို နိုဝင်ဘာလ (28) ရက်နေတွင်  ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီခရိုင်မြဝတီမြို့စေတနာနာရေးလူမှုကူညီရေအသင်း၏ (၁၀)နှစ်ပြည့်တည်ထောင်ခြင်း
နှစ်ပတ်လည်အခမ်းအနားသို့ ပခုက္ကူမြို့ အာယုသုခလူမှုကူညီရေးအသင်းမှဦးဆောင်ဆရာတော်
ဘုရားနှင့် မြ၀တီခရိုင်မြ၀တီမြို့မှဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံအတွင်းရှိရန်ကုန်တိုင်း
ဒေသကြီးမှတွံတေးစိတ္တသုခကုသိုလ်ပြုအသင်း၊မန္တလေးမြို့မှချမ်းမြသုခလူမှုကူညီရေးအသင်း၊
ဧရာဝတီတိုင်းအတွင်ရှိမအူပင်လူမှုကူညီရေးအသင်း၊အနယ်နယ်အရပ်ရပ်မှပရဟိတညီအကို
မောင်နှမများနှင့်တစ်ဖက်နိုင်ငံမဲဆောက်မြို့ရှိ(RESCUE)အဖွဲ့မှဧည့်သည်တော်များနှင့်
မြ၀တီမြို့စေတနာအသင်းခွဲမှညီအကိုမောင်နှမများနှင့်အသင်း၏စေတနာအလှူရှင်များ
အခြားဖိတ်ကြားထားသောဧည့်သည်တော်များမှအခမ်းအနားသို့တက်ရောက်ချီးမြှင့်ခဲ့သည်။
နှစ်ပတ်လည်အခမ်းအနားတွင်မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး
စေတနာအသင်း၏သဘာပတိကြီးဦးအောင်မြင့် မှ ပဏာမ အမှာစကားပြောကြားခဲ့ပြီး၊
မြ၀တီစေတနာနာရေးလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးလှထွန်းမှအသင်းနှင့်ပတ်သက်၍
ပြည်သူများ(တစ်နှစ်တာ)အတွင်းအပေါ်ဖေးမကူညီးမှုများနှင့်အသင်း၏ရည်ရွယ်ချက်၊
လူမှုရေးဆောင်ရွက်မှုများနှင့်ရှေ့လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးသွားပါသည်။
စေတနာအသင်း၏အလုပ်မှုဆောင်ကော်မတီဝင်များမှ အသင်း၏ ၀င်ငွေ/ထွက်ငွေ
သုံးစွဲမှုစာရင်းရှင်တမ်း(နှစ်ချုပ်)အားတင်ပြသွားပါသည်။စေတနာနာရေးလူမှုကူညီရေး
အသင်းကြီးသို့စေတနာ သဒ္ဓါတရား ထက်သန် စွာဖြင့်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ
အား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပြီး...စေတနာနာရေးလူမှုကူညီရေးအသင်းကြီး၏
(၁၀)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့်ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲတွင်
ဆုရသောအသင်းများကိုဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲသည်။