Wednesday 1 January 2014

၂၀၁၄ နှစ်ဦး နိဗ္ဗာန် ယာဉ်အလှူ








မြ၀တီမြို့ စေတနာ နာရေး/လူမှုကူညီရေးအသင်းသို့ ထိုင်းနိုင်ငံရောက်
မြန်မာပြည်သား ၊ ချွန်ဘူလီး၊(မဟာချိုင်) ဇီဝက ကျန်းမာရေး နှင့်ဆေးဝါး
ကူညီစောင့်ရှောက်ရေး ဖောင်းဒေးရှင် ၏ ပဓာနနာယက ဆရာတော် အရှင်
ဝိသုတရံသီ နှင့်အတူအတူလုပ်တွဲလုပ်ကိုင်ဆောင်ရွက်နေသော ပရဟိတ
လူငယ်မောင်/မယ်များသည့်မိမိတို့ကံ၊ဥဏ်၊၀ီရိယလုပ်အားဖြင့်ရှာဖွေရထားသော
အလုပ်အားခထည့်မှ စုပေါင်း၍လှူဒါန်းပေးသော ၂၀၁၄ နှစ်ဦးအတွက်နိဗ္ဗာန်
ယာဉ်အလှူ ဖြစ်ပါသည်။အဆိုပါနိဗ္ဗာန်ယာဉ် အလှူရှင်များမှာ ပရဟိတအလှူရှင်များ
စုပေါင်း၍ ကျပ်သိန်းပေါင်း (၄၀) သိန်းတန်ဖိုးရှိသော (TOYOTA Lite Truck 2010 Model)
အမျိုးအစား မော်တော်ယာဉ်အား နိဗ္ဗာန်ယာဉ်အဖြစ်အသုံးပြုရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
လှူဒါန်းပေးအပ်အခမ်းအနား မြ၀တီစေတနာအသင်း(ရုံးချုပ်)တွင်(၁-၁-၂၀၁၄)ရက်နေ့
နံနက်(၉း၄၀)ကျင်းပပြုလုပ်ခဲ့ရာ ဇီဝက ကျန်းမာရေး နှင့်ဆေးဝါးကူညီစောင့်ရှောက်ရေး
ဖောင်းဒေးရှင် ၏ ပဓာနနာယက ဆရာတော် အရှင်ဝိသုတရံသီ မှ ငါးသီလခံယူဆောက်
်တည်ခြင်းနဲ့ ရေစက်ချတရား နာယူခဲ့ကြသည်။နာယူခဲ့ကြသည်။ ထို့နောက် အလှူရှင်များနှင့်
အတူ မှတ်တမ်းဓါတ်ပုံရိုက်ကြပြီး အသင်း၏ ဆောင်ရွက်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
စေတနာအသင်းမှ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး မော်တော်ယာဉ်လှူဒါန်းပွဲ
အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တော့သည်။မြ၀တီစေတနာ နာရေး၊လူမှုကူညီရေးအသင်း
သို့ လှူဒါန်းခဲ့သော မော်တော်ယာဉ်ဖြင့် အသင်း၏ လှုမှုရေး၊ဘသာရေး လူမှုကူညီရေး လုပ်ငန်းများအား
ဖြည့်စွက်လုပ်ဆောင်ပေး နိုင်တော့မည်ဖြစ်သည်။ ထိုကဲ့သို့အများပြည်သူတို့၏ နာရေးနှင့်ပတ်သက်
သော ကိစ္စရပ်များအား လျှင်မြန်ချောမွေ့စွာ ကူညီမှုပေးနိုင်ရန်အတွက် နိဗ္ဗာန်မော်တော်ယာဉ် လှူဒါန်းပေး
ခဲ့သော ထိုင်းနိုင်ငံရောက်မြန်မာပြည်သား ချွန်ဘူလီ မဟာချိုင့် ၊ဇီဝက ကျန်းမာရေးနှင့် ဆေးဝါးစောင့်ရှောက်ရေး
ဖောင်းဒေးရှင် အသင်း၏ ပရဟိတ ညီအကို နှင့် အများပြည်သူတို့ကိုယ်စား မြ၀တီစေတနာ  နာရေးလူမှုကူညီရေး
အသင်း မှ လူမှုရေးသမားများအနေဖြင့် ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်မိရင်း မြင့်မြတ်လှသော
လူမှုရေးလုပ်ငန်းကြီးအား ပိုမိုတိုးချဲ့လုပ်ဆောင် ပေးဆပ်သွားရတော့မည်ဖြစ်သည်။
မြ၀တီစေတနာ/နာရေးလူမှုကူညီရေးအသင်း အများအကျိုး ရွက်သယ်ပိုးရာတွင် အသုံးဝင်လှ၍
အဖိုးမဖြတ် နိုင်သော၂၀၁၄ အတွက် နိဗ္ဗာန် ယာဉ်အလှူ ဖြစ်ပါသည်။

ခွန်သန်းဇော်ဝင်း(သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)