Monday, 3 April 2017

Toyota Lite truck accident

Date 3.4.2017  (1:30) PM
Toyota  Lite truck accident
On the Asia  Road , Myawaddy and Kawkareik
Myanmar RESCUE Organization , Myawaddy/Kawkareik /NyiNaung/ 
from   Car accident rescued assisting 11   population

ယာဉ်​​မောင်း  အိပ်​ငိုက်​ ၍ က​လေတစ်​ဦး မှ သီချင်းဖွင့်​ ​ပေး ပြီး ​နောက်​ ထပ်​မံငိုက်​ပြီး တိမ်း​မှောက်​​ လှိမ့်သွားကြောင်း  သိရပါသည်​။
သင်္ကြန်တွင်း နေရပ်ပြန်မြန်မာရွှေပြောင်းအလုပ်သားများ  မြ၀တီ-ကော့ကရိတ် အာရှလမ်း ၊ရင်ခွဲ​ ​​တောင် အဆင်း သကြားကား ​မှောက်​တဲ့ အထက်​​ကွေ့ ခရီးသည်​ များစွာ တင်​​ဆောင်​လာတဲ့  (TOYOTA Lite Truck) တစ်​စီး တိမ်း​မှောက်​ပြီး လမ်း​ဘေးသို့  ထိုးကျ​ကြောင်း သတင်းရတာနဲ့ (Myanmar RESCUE  Organization)၊မြ၀တီ ကော့ကရိတ်   အရေးပေါ်ကယ်​ဆယ်​​ရေး အဖွဲ့ နှင့် သင်္ကန် ညီ​နောင်​ မြို့သစ်​အရေးပေါ်ကယ်​ဆယ်​​ရေးအဖွဲ့များ နှင့်​ ဆက်​သွယ်​ပြီးအ​ရေး​ပေါ်လူနာတင်ယာဉ်​(၆)စီးဖြင့်​၊အခင်ဖြစ်ပွားသည့်နေရာတွင်ထိခိုက်ဒဏ်ရရှိသူ(၁၁)ဦးအားလိုအပ်သော ကူညီ မှုများဖြင့် ပြုစုကူညီခဲ့ပြီးမြ၀တီ ဆေးရုံအရေးပေါ်ဌာနသို့ ကူညီ ပို့ဆောင်ပေးခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာတွင်(၁)ဦးသေ ဆုံးခဲ့သည်။ ဆက်လက်၍ Myanmar RESCUE Myawaddy အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ အရေးပေါ်လူနာ (၄) ဦးအား မဲဆောာက်ဆေးရုံ သို့ ထပ်မံ ပို့ဆောင်ကူညီပေးခဲ့ပါသည်။အဆိုပါယာဉ်တိမ်းမှောက်မှုတွင် သေဆုံးသူ(3)ဦး ဟု အတည်ပြုထားပါသည်။မြ၀တီခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြဝတီခရိုင်ရဲမှူးကြီးတင်မျိုးထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ ထိခိုက်ဒဏ်ရာရရှိသူများအား လူနာများအားကြည့်ရှုအားပေးခဲ့ကြပြီး ခရီးများ၏တစ်ဦးချင်းစီ၏ငွေနှင့်ပစ္စည်းများကို စိစစ်ပြီးပိုင်ရှင်များအားပြန်လည်အပ်နှံနှိုင်ရေးအတွက် တာဝန်ရှိသူများ စီးစဉ်  ဆောင်ရွက်ပေးလျှက်ရှိပါသည်။
Photo by Mr.Htike (Kawkareik RESCUE Team )

Photo by Htoo Aung (NyiNaung RESCUE Team)