Sunday 3 July 2016

Pathein BLS Training














Emergency basic life support
rescue training course
location -Ayeyarwady Region  Pathein
(Burma)
instructors -  Myanmar RESCUE organization & Myawaddy RESCUE team
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအအဖွဲ့ချူပ်(မြ၀တီ)
မြ၀တီမြို့စေတနာလူမှုကယ်ဆယ်ရေးအသင်း (Myawaddy RESCUE) အဖွဲ့ နှင့် ရန်ကုန်တိုင်း
တွံတေးမြို့စိတ္တသုခကုသိုလ်ပြုအသင်း(TWANTAY RESCUE)အဖွဲ့၊မန္တလေးတိုင်းချမ်းမြသုခလူ
မှုကူညီရေးအသင်း(CMTK RESCUE)အဖွဲ့၊ရန်ကုန် ဒလမြို့လူမှုကယ်ဆယ်ရေးအသင်း(DA LLA RESCUE)
အဖွဲ့များနှင့်ပူပေါင်းပြီး နိုင်ငံတကာအဆင့်မီအရေးပေါ်ကယ်ဆယ်ရေး(အခမဲ့)သင်တန်းအား
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး(ပရဟိတကွန်ယက်)အဖွဲ့မှ အကူညီတောင်းခံ
မှုကြောင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊မြ၀တီစေတနာလူမှုကယ်ဆယ်ရေးအဖွဲ့တွံတေး စိတ္တသုခအသင်းနှင့်
ချမ်းမြသုခ(ပရဟိတ)လူမှုကူညီရေးအသင်း၊ဒလမြို့လူမှုကယ်ဆယ်ရေးအသင်း တို့မှသွားရောက်၍သင်ကြားဖွင့်လှစ်
ပေးခဲ့သည်။ (4-7-2015)ရက်နေ့တွင်နိုင်ငံတာအဆင့်မီအရေးပေါ်ကယ် ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်း အနားအား၊
ပုသိမ်မြို့   အားကာစား  ခန်းမ တွင်အတွင်း၌ကျင်းပ ပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွငဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ မှ တက်ရောက်အားပေးချီးမြှင့်ကြပါသည် ၊မြန်မာနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ချူပ်၊
မြ၀တီစေတနာလူမှုကယ်ဆယ်ရေးအသင်း (Myanmar  RESCUE ) ဥက္ကဌ ဦးလှထွန်း မှ အရေးပေါ်လူမှုကယ်ဆယ်ရေး
ပရဟိတအသင်းအဖွဲ့ရှိအသင်းသူအသင်းသားတွေဟာ မိမိတို့မြန်မာနိုင်ငံတွင်ရှိ ကျန်မာရေးအရ ထိခိုက်ဒဏ်ရာရရှိပါက
(ဆေးရုံသို့မရောက်မှီ/ရောက်ရှိပါက) လျင်မြန်စွာလွယ်ကူစွာဆက်လက်ကုသနိုင်ရေး၊ထပ်မံ၍ဘေးထွက်ဆိုးကျိုးများ
မဖြစ်စေးရန် လူနာအား သက်တောင့်သက်သာဖြစ်စေရေး၊ ဆေးဘက်ဆိုင်အထောက်အကူပြုအရေးပေါ်ကယ်ဆယ်ရေး
နည်ပညာများအား၊ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး(ပရဟိတကွန်ယက်)အဖွဲ့
များရှိအသင်းသူ/သားများနှင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ ညီအကို
မောင်နှမများအားလုံးတက်မြောက်ထားသင့်ပြီး၊အရေးပေါ်လူနာများအား အချိန်မှီ ကယ်ဆယ်/ကယ်တင်နိုင်ရေး
အတွက် မိမိတို့အဖွဲ့မှ တက်သိထားသောအရေပေါ်ကယ်ဆယ်ရေးနည် ပညာများ အားသင်ကြားပို့ချပေးသွားပါမည်။
နိုင်ငံတကာအဆင့်မှီအရေးပေါ်(အခမဲ့)သင်တန်းတွင်အရေးပေါ်လူနာများအား ပစ္စည်းမဲ့အသုံးပြုနည်းများနှင့်နိုင်ငံတကာ
တွင်အသုံးပြုနေသောအရေးပေါ်သုံးပစ္စည်းများ၏ အသုံးပြုနေသောနည်း စနစ်များကို(5)ရက်တိုင်တိုင်အခမဲ့သင်ကြား
ပို့ချပေးခဲ့သည်။အဆိုပါအရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွင်ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ကယ်
ဆယ်ရေး (ပရဟိတကွန်ယက်) အဖွဲ့များမှသင်တန်းသား/သူ(၈၀)ဦး တက်ရောက်သင်ကြားကြသည်။
Photo - AungAung Mwd