Friday 25 September 2015

Cutting stretch For rescue work donation Thank you Wailukyaw















Cutting stretch For rescue work  donation Thank you Wailukyaw
Wailukyaw Foundation မှ (Myanmar RESCUE Myawaddy) သို့
Cutting stretch For rescue work အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း
သုံးပစ္စည်းများအား(25.9.2015)ရက်နေ့တွင် မြ၀တီစေတနာလူမှုကယ်ဆယ်
အသင်းကြီး သို့လာရောက်လှူဒါန်းသွားပါသည်။

Wednesday 24 June 2015

CPR doll donation Thank you ...

CPR doll donation Thank you
Mr daniel.uebersax
မြ၀တီစေတနာလူမှုကယ်ဆယ်ရေးအသင်း (Myawaddy RESCUE Team)
သို့ ဆွစ်ဇာလာန် နိုင်ငံမှ Mr daniel.uebersax & Mr.Marko တို့မှမြန်မာနိုင်ငံ
ံအနယ်နယ်အရပ်ရပ်သို့ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းများတွင်(CPR training )
သင်ခန်းစာများလေ့ကျင့်နိုင်ရန် အတွက်ထောက်ကူပြု အရုပ်များကို ပေးပို့လှူဒါန်း
သွားပါသည်။ Mr daniel.uebersax မှ မြ၀တီစေတနာ အသင်း၏ အရေးပေါ်
ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများတက်အားသရွှေ့
လှူဒါန်းသွားမည်။







Friday 5 June 2015

Kayin State Development Pubilc Company' Limited စေတနာအသင်းသို့အလှူ


Kayin State Development Pubilc Company' Limited
ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမီတက်
မိသားစုမှ  မြဝတီစေတနာကယ်ဆယ်ရေးအသင်း (Myawaddy RESCUE Team)
အဘက်ဘက်တွင်အသုံးပြုနိုင်ရန်အတွက်အလှူတော်(၁၀)သိန်းကျပ်တိတိ
အားလှူဒါန်းသွားပါသည်။စေတနာသဒ္ဓါထက်သန်စွာလှူဒါန်းအတွက်ကိုယ်စိတ်နှစ်ပါး
/အေးချမ်းပါစေငြိမ်းချမ်းပါစေဆင်းရဲခြင်းအပေါင်း မှချုပ်ငြိမ်းကြပြီးဒီနေ့ထက်အားလုံးရဲ့
ဘဝများပိုမိုလှပအောင်မြင်ပါစေကြောင်း မြဝတီစေတနာအသင်း(MyawaddyRESCUE
Team မှဆုမွှန်ချွေအပ်ပါသည်။

Tuesday 2 June 2015

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြင့်ပွဲ


၂၀၁၅ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြင့်ပွဲကို မေလ ၁၅ ရက်နေ့တွင်
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဋ္ဌာန (၁)၌ ကျင်းပသည့် အခမ်း
အနားတွင် ဆုရရှိသောကရင်ပြည်နယ် မြ၀တီမြို့စေတနာလူမှုကူညီရေးအသင်းမှဥက္ကဌ
ဦးလှထွန်း၏  စကားသံများ ....
credit-MRTV News Channel

Monday 1 June 2015

Emergency basic life support rescue training course
















Emergency basic life support rescue training course
location - Mawlamyaing, Mon State, Burma
instructors -  Myawaddy RESCUE Team
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအအဖွဲ့ချူပ်(မြ၀တီ)
မြ၀တီမြို့စေတနာလူမှုကယ်ဆယ်ရေးအသင်း (Myawaddy RESCUE) အဖွဲ့ နှင့် ရန်ကုန်တိုင်း
တွံတေးမြို့စိတ္တသုခကုသိုလ်ပြုအသင်း(TWANTAY RESCUE)အဖွဲ့၊မန္တလေးတိုင်းချမ်းမြသုခလူ
မှုကူညီရေးအသင်း(CMTK RESCUE)အဖွဲ့၊ရန်ကုန် ဒလမြို့လူမှုကယ်ဆယ်ရေးအသင်း(DA LLA RESCUE)
အဖွဲ့များနှင့်ပူပေါင်းပြီး နိုင်ငံတကာအဆင့်မီအရေးပေါ်ကယ်ဆယ်ရေး(အခမဲ့)သင်တန်းအားမွန်ပြည်နယ်
မော်လမြိုင်မြို့ရှိ(Mawlamyine Rescue Team)မှ အကူညီတောင်းခံမှုကြောင့်မြ၀တီစေတနာလူမှုကယ်ဆယ်ရေး
တွံတေး စိတ္တသုခအသင်းနှင့်ချမ်းမြသုခ(ပရဟိတ)လူမှုကူညီရေးအသင်း၊ဒလမြို့လူမှုကယ်ဆယ်ရေးအသင်း
တို့မှသွားရောက်၍သင်ကြားဖွင့်လှစ်ပေးခဲ့သည်။ (1-6-2015)ရက်နေ့တွင်နိုင်ငံတာအဆင့်မီအရေးပေါ်ကယ်
ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်း အနားအား၊မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ တွင်အတွင်း၌ကျင်းပ
ပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ မှ တက်ရောက်
အားပေးချီးမြှင့်ခဲ့ပြီး၊မွန်ပြည်နယ်လူမှုရေးဝန်ကြီးမှဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊မြန်မာနိုင်လူမှုကယ်ဆယ်
ရေးအဖွဲ့ချူပ်၊မြ၀တီစေတနာလူမှုကယ်ဆယ်ရေးအသင်း (Myawaddy RESCUE Team) ဥက္ကဌ ဦးလှထွန်း မှ 
အရေးပေါ်လူမှုကယ်ဆယ်ရေးပရဟိတအသင်းအဖွဲ့ရှိအသင်းသူအသင်းသားတွေဟာ မိမိတို့မြန်မာနိုင်ငံတွင်ရှိ
သောကျန်မာရေးအရ ထိခိုက်ဒဏ်ရာရရှိပါက(ဆေးရုံသို့မရောက်မှီ/ရောက်ရှိပါက) လျင်မြန်စွာ လွယ်ကူစွာဆက်
လက်ကုသနိုင်ရေးထပ်မံ၍ ဘေးထွက်ဆိုးကျိုးများမဖြစ်စေးရန် လူနာအား သက်တောင့်သက်သာဖြစ်စေရေး၊
ဆေးဘက်ဆိုင်အထောက်အကူပြုအရေးပေါ်ကယ်ဆယ်ရေးနည်ပညာများအား၊မော်လမြို့ရှိ ပရဟိတအသင်းအဖွဲ့
များရှိအသင်းသူ/သားများနှင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ ညီအကို
မောင်နှမများအားလုံးတက်မြောက်ထားသင့်ပြီး၊အရေးပေါ်လူနာများအား အချိန်မှီ ကယ်ဆယ်/ကယ်တင်နိုင်ရေး
အတွက် မိမိတို့အဖွဲ့မှ တက်သိထားသောအရေပေါ်ကယ် ဆယ်ရေးနည်ပညာများ အားသင်ကြားပို့ချပေးသွားပါမည်။
နိုင်ငံတကာအဆင့်မှီအရေးပေါ်(အခမဲ့)သင်တန်းတွင်အရေးပေါ်လူနာများအား ပစ္စည်းမဲ့အသုံးပြုနည်းများနှင့်နိုင်ငံတကာ
တွင်အသုံးပြုနေသောအရေးပေါ်သုံးပစ္စည်းများ၏ အသုံးပြုနေသောနည်း စနစ်များကို(5)ရက်တိုင်တိုင်အခမဲ့သင်ကြား
ပို့ချပေးခဲ့သည်။အဆိုပါအရေးပေါ်ကယ်ဆယ်ရေးတွင် မော်လမြိုင်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှသင်တန်းသား/သူ
(၈၀)ဦးမှတက်ရောက်သင်ကြားကြသည်။ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း(မြဝတီ) ဥက္ကဌ ဒေါ်နန်းသီသီဦး မှ
အရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွင်လိုအပ်သောနေရာများတွင်အသုံးပြုနိုင်ရန်အတွက်အလှူငွေများလှူဒါန်းသွားပါသည်။

ရှာဖွေကယ်ဆယ်ရေးသင်တန်းလက်တွေ့ လေ့ကျင့်မှုများ























(16.2.2015) ရက်နေ့တွင် တောင်ပေါ်လမ်းအသစ်တွင်တောင်တက်/တောင်ဆင်း
နှင့် အရေးပေါ်လူနာများသယ်ဆောင်သည့်နည်းစနစ်များလက်တွေ့လေကျင့်မှုများပြုလုပ်
ခဲ့သည်။