Monday 1 June 2015

Emergency basic life support rescue training course
















Emergency basic life support rescue training course
location - Mawlamyaing, Mon State, Burma
instructors -  Myawaddy RESCUE Team
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအအဖွဲ့ချူပ်(မြ၀တီ)
မြ၀တီမြို့စေတနာလူမှုကယ်ဆယ်ရေးအသင်း (Myawaddy RESCUE) အဖွဲ့ နှင့် ရန်ကုန်တိုင်း
တွံတေးမြို့စိတ္တသုခကုသိုလ်ပြုအသင်း(TWANTAY RESCUE)အဖွဲ့၊မန္တလေးတိုင်းချမ်းမြသုခလူ
မှုကူညီရေးအသင်း(CMTK RESCUE)အဖွဲ့၊ရန်ကုန် ဒလမြို့လူမှုကယ်ဆယ်ရေးအသင်း(DA LLA RESCUE)
အဖွဲ့များနှင့်ပူပေါင်းပြီး နိုင်ငံတကာအဆင့်မီအရေးပေါ်ကယ်ဆယ်ရေး(အခမဲ့)သင်တန်းအားမွန်ပြည်နယ်
မော်လမြိုင်မြို့ရှိ(Mawlamyine Rescue Team)မှ အကူညီတောင်းခံမှုကြောင့်မြ၀တီစေတနာလူမှုကယ်ဆယ်ရေး
တွံတေး စိတ္တသုခအသင်းနှင့်ချမ်းမြသုခ(ပရဟိတ)လူမှုကူညီရေးအသင်း၊ဒလမြို့လူမှုကယ်ဆယ်ရေးအသင်း
တို့မှသွားရောက်၍သင်ကြားဖွင့်လှစ်ပေးခဲ့သည်။ (1-6-2015)ရက်နေ့တွင်နိုင်ငံတာအဆင့်မီအရေးပေါ်ကယ်
ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်း အနားအား၊မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ တွင်အတွင်း၌ကျင်းပ
ပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ မှ တက်ရောက်
အားပေးချီးမြှင့်ခဲ့ပြီး၊မွန်ပြည်နယ်လူမှုရေးဝန်ကြီးမှဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊မြန်မာနိုင်လူမှုကယ်ဆယ်
ရေးအဖွဲ့ချူပ်၊မြ၀တီစေတနာလူမှုကယ်ဆယ်ရေးအသင်း (Myawaddy RESCUE Team) ဥက္ကဌ ဦးလှထွန်း မှ 
အရေးပေါ်လူမှုကယ်ဆယ်ရေးပရဟိတအသင်းအဖွဲ့ရှိအသင်းသူအသင်းသားတွေဟာ မိမိတို့မြန်မာနိုင်ငံတွင်ရှိ
သောကျန်မာရေးအရ ထိခိုက်ဒဏ်ရာရရှိပါက(ဆေးရုံသို့မရောက်မှီ/ရောက်ရှိပါက) လျင်မြန်စွာ လွယ်ကူစွာဆက်
လက်ကုသနိုင်ရေးထပ်မံ၍ ဘေးထွက်ဆိုးကျိုးများမဖြစ်စေးရန် လူနာအား သက်တောင့်သက်သာဖြစ်စေရေး၊
ဆေးဘက်ဆိုင်အထောက်အကူပြုအရေးပေါ်ကယ်ဆယ်ရေးနည်ပညာများအား၊မော်လမြို့ရှိ ပရဟိတအသင်းအဖွဲ့
များရှိအသင်းသူ/သားများနှင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့များမှ ညီအကို
မောင်နှမများအားလုံးတက်မြောက်ထားသင့်ပြီး၊အရေးပေါ်လူနာများအား အချိန်မှီ ကယ်ဆယ်/ကယ်တင်နိုင်ရေး
အတွက် မိမိတို့အဖွဲ့မှ တက်သိထားသောအရေပေါ်ကယ် ဆယ်ရေးနည်ပညာများ အားသင်ကြားပို့ချပေးသွားပါမည်။
နိုင်ငံတကာအဆင့်မှီအရေးပေါ်(အခမဲ့)သင်တန်းတွင်အရေးပေါ်လူနာများအား ပစ္စည်းမဲ့အသုံးပြုနည်းများနှင့်နိုင်ငံတကာ
တွင်အသုံးပြုနေသောအရေးပေါ်သုံးပစ္စည်းများ၏ အသုံးပြုနေသောနည်း စနစ်များကို(5)ရက်တိုင်တိုင်အခမဲ့သင်ကြား
ပို့ချပေးခဲ့သည်။အဆိုပါအရေးပေါ်ကယ်ဆယ်ရေးတွင် မော်လမြိုင်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှသင်တန်းသား/သူ
(၈၀)ဦးမှတက်ရောက်သင်ကြားကြသည်။ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း(မြဝတီ) ဥက္ကဌ ဒေါ်နန်းသီသီဦး မှ
အရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွင်လိုအပ်သောနေရာများတွင်အသုံးပြုနိုင်ရန်အတွက်အလှူငွေများလှူဒါန်းသွားပါသည်။

0 comments:

Post a Comment