Sunday 19 April 2015

မီးအားမြင့်စက်အလှူ

(၂၀.၄.၂၀၁၅)ရက်နေ့တွင်မြ၀တီမြို့၊အမှတ်(၄)ရပ်ကွက်မေတ္တာလမ်းသွယ်၊တောရကျောင်း
အရှေ့နေရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌဒေါ်နန်းသီသီဦး၊သားကိုမျိုးဟိန်းထက်၊
သမီးနန်းစံတင့်တယ်မိသားစုမှစေတနာလူမှုကယ်ဆယ်ရေးအသင်း(Myawaddy RESCUE )
တွင်(Cold box)ဖြင့်တွဲဖက်အသုံးပြုနိုင်ရန်အတွက်မီးအားမြင့်စက်(၁)လုံးတန်ဖိုးအားဖြင့်
(285000)ကျပ်အားသဒ္ဒါတရားတက်သန်စွာဖြင့်လှူဒါန်းခဲ့သည့်အတွက်ဝမ်းမြောက်စွာဖြင့်
သာဓုခေါ်ဆိုကျေးဇူးတင်ရှိပါသည်။စေတနာသဒ္ဓါထက်သန်စွာလှူဒါန်းအတွက်ကိုယ်စိတ်
နှစ်ပါး/အေးချမ်းပါစေငြိမ်း ချမ်းပါစေဆင်းရဲခြင်းအပေါင်း မှချုပ်ငြိမ်းကြပြီးဒီနေ့ထက်အား
လုံးရဲ့ဘဝများပိုမို လှပအောင်မြင်ပါစေကြောင်း မြဝတီစေတနာလူမှုကယ်ဆယ်ရေးအသင်း
(Myawaddy RESCUE)အဖွဲ့မှဆုမွှန်ချွေအပ်ပါသည်။

Thursday 9 April 2015

မြန်မာ-ထိုင်းချစ်ကြည်ရေးမတော်တဆယာဉ်တိုက်မှုများပူပေါင်းကာကွယ်







prevent accident 
9.4.2015 ရက်နေ့(9:30)အချိန်တွင် မဲဆောက်မြို့တပ်ခရိုင်မှမြို့ပိုင်မင်းကြီး၊မဲဆောက်ဆေးရုံကြီးအဖွဲ့
နှင့်မဲဆောက်မြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(၂၉)ဖွဲ့များနှင့်မြ၀တီမြို့မှ စေတနာလူမှုကယ်ဆယ်
ရေးအသင်း(Myawaddy RESCUE Team) ပူပေါင်း၍ ထိုင်းမြန်မာ-ချစ်ကြည်ရေး မတော်တဆယဉ်
တိုက်မှုများပူပေါင်းကာကွယ်၍အသိပညာပေးခြင်းများကိုမဲဆောက်မြို့အတွင်းဆောင်ရွက်ခဲ့သည်။
အခမ်းနားအတွင်မဲဆောက်မြို့ပိုင်မင်းကြီးနှင့်တွေ့ဆုံ၍ အရေးပေါ်လူနာအသက်ကယ်/လူနပြုစု 
သယ်ဆောင်ရာတွင်အကောင်းဆုံး ကူညီကင်တင်၍ဆေးရုံသို့အရောက်ပို့ဆောင်ပေးနေသောအဖွဲ့
များထဲမှထိုင်းနိုင်ငံမဲဆောက်မြို့ မှ Tak RESCUE Team နှင့် မြ၀တီမြို့စေတနာကယ်ဆယ်ရေးအသင်း
Myawadddy RESCUE Team တို့အားတပ်ခရိုင်၊ မဲဆောက်မြို့ပိုင်မင်းကြီးမှအရေးပေါ်ကယ်ဆယ်ရေးသုံး
ပစ္စည်းများနှင့်ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။