Saturday 31 May 2014

ဒုတိယအကြိမ်မြောက်ပညာဒါန`English Speaking´သင်တန်းဆင်းပွဲ















ပညာဒါနEnglishSpeaking သင်တန်းဆင်ပွဲအခမ်းကို(26-5-2014)ရက်နေ့
မြ၀တီမြို့စေတနာနာရေး/လူမှုကူညီရေးအသင်းရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းသို့ဒေသဆိုင်ရာပိုင်အဏာများနှင့်မြ၀တီမြို့ပရဟိတညီ
အစ်ကိုများမှတက်ရောက်ချီးမြှင့်ကြပါသည်။မြ၀တီမြို့စေတနာနာရေး လူမှုကူညီ
ရေးအသင်းအနေဖြင့်နှစ်စဉ်နွေရာသီကာလအတွင်းမြို့ပေါ်ရှိလူငယ်များအတွက်
အင်္ဂလိပ်စာသင်ကြားမှုစနစ်မျှဝေပေးလိုခြင်းနှင့်သင်ကြားရေးဆိုင်များတိုးတက်
အထောက်အကူပြုရန်အတွက်နှစ်စဉ်အမြဲကြိုးစားဆောင်ရွက်၍ဖွင့်လှစ်သွားပါ
မည်။Photo - by KhunThanZawWin(Myawaddy RESCUE)

Tuesday 27 May 2014

ရေအလှူ













မြ၀တီမြို့၊အမှတ်(၂)(၅)ရပ်ကွက်ပြည်သူများအတွက်လိုအပ်လျှက်ရှိသော ၊
သောက်သုံးရေများအား မြ၀တီခရိုင်၊မြ၀တီမြို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်
မြ၀တီစေတနာနာရေးလူမှုကူညီရေးအသင်းနှင့်ပူပေါင်း၍(၂၇-၅-၂၀၁၄)ရက်
နေ့တွင်လိုက်လံပေးဝေလှူ ဒါန်းခဲ့ပါသည်။
တို့များပရဟိတ ရေအလှူ ကား၊
လူတွင်အမြတ် နတ်တွင်အမွန်၊
မိုးစွန်ဇာတိ ဗြဟ္မာထိအောင်၊
ပီတိသဉ္ဖနန ဝမ်းမြောက်ရအံ့၊
ဗကအမော် ဗြဟ္မာကျော်အား၊၊
ရှေးသရောဘဝ တခါကလျှင်၊
ဒါနလှူမျိုး ရေအကျိုးကြောင့်၊
ဖြိုးဖြိုးလျှံပ သင်းစံရဟု၊
ဗုဒ္ဓမြတ်စွာ ဟောဖူးပါ၏၊
ပူဆာအာသဝ ကိလေသနှင့်၊
ကမ္မဝိပါက် ဝဋ်သုံးချက်မှ၊
လွတ်ထွက်ကုန်စင် မြိုက်ရေယှဉ်သည်၊
ပူပင်ငြိမ်းပျောက် မည်တကား။ 

နိုင်ငံတကာအဆင့်မှီအရေးပေါ်ကယ်ဆယ်ရေးသင်တန်းဆင်းပွဲအခမ်းအနား












































မြ၀တီစေတနာနာရေးလူမှုရေးကူညီရေးအသင်းရုံးချုပ်နှင့်တွံတေးစိတ္တသုခအသင်းနှင့် 
ကြီးမှူးဖွင့်လှစ်သင်ကြားသောနိုင်ငံတကာအဆင့်မှီအရေးပေါ်ကယ်ဆယ်ရေးလက်တွေ့
သင်တန်းဆင်းပွဲအခမ်းကိုအနားကို(၂၄-၅-၂၀၁၄)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့တွံတေးမြို့မှဒေသအဏာပိုင်များတက်ရောက်ပြီး၊သင်တန်းဆင်းပွဲအခမ်း
အနားတွင်တွံတေးစိတ္တသုခအသင်း၏နာယာကဆရာတော်မှမြန်မာနိုင်ငံအနယ်နယ်အရပ်
ရပ်ရှိပရဟိတအသင်းများသို့ဆုံးမသြ၀ါဒစကားများချီးမြှင့်ခဲ့ပါသည်၊မြ၀တီမြို့ စေတနာ
နာရေးလူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးလှထွန်းတို့မှမိမိအသင်းအနေဖြင့်နိုင်ငံတာကာအဆင့်
မှီအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအားမြန်မာနိုင်ငံအတွင်းရှိနယ်ပရဟိတအသင်းများသို့
(အခမဲ့)သင်ကြားခဲ့ပြီး၊ပရဟိတညီအစ်ကိုမောင်နှမများအားလုံးမှကြိုးစားသင်ယူကြပြီးလက်
တွေ့လေ့ကျင့်မှုများပြုလုပ်နိုင်ခဲ့သည့်အတွက်အားရကျေနပ်မှုများရရှိခဲ့ပါသည်။တွံးတေမြို့
တွင်နိုင်ငံတကာအဆင့်မှီအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအားဖွင့်လှစ်နိုင်ရန်အတွက်ဝိုင်း
ဝန်ထောက်ပံလှူဒါန်းပေးကြ တွံးတေမြို့မှမိဘပြည်သူများအားလုံးကိုအထူးပင်ကျေးဇူးတင်
ှရှိပါသည်။စိတ္တသုခကုသိုလ်ပြုအသင်းမှအဖွဲ့သားများအားလုံးကိုကျေးဇူးရှိပါသည်