Tuesday 27 May 2014

ရေအလှူ













မြ၀တီမြို့၊အမှတ်(၂)(၅)ရပ်ကွက်ပြည်သူများအတွက်လိုအပ်လျှက်ရှိသော ၊
သောက်သုံးရေများအား မြ၀တီခရိုင်၊မြ၀တီမြို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်
မြ၀တီစေတနာနာရေးလူမှုကူညီရေးအသင်းနှင့်ပူပေါင်း၍(၂၇-၅-၂၀၁၄)ရက်
နေ့တွင်လိုက်လံပေးဝေလှူ ဒါန်းခဲ့ပါသည်။
တို့များပရဟိတ ရေအလှူ ကား၊
လူတွင်အမြတ် နတ်တွင်အမွန်၊
မိုးစွန်ဇာတိ ဗြဟ္မာထိအောင်၊
ပီတိသဉ္ဖနန ဝမ်းမြောက်ရအံ့၊
ဗကအမော် ဗြဟ္မာကျော်အား၊၊
ရှေးသရောဘဝ တခါကလျှင်၊
ဒါနလှူမျိုး ရေအကျိုးကြောင့်၊
ဖြိုးဖြိုးလျှံပ သင်းစံရဟု၊
ဗုဒ္ဓမြတ်စွာ ဟောဖူးပါ၏၊
ပူဆာအာသဝ ကိလေသနှင့်၊
ကမ္မဝိပါက် ဝဋ်သုံးချက်မှ၊
လွတ်ထွက်ကုန်စင် မြိုက်ရေယှဉ်သည်၊
ပူပင်ငြိမ်းပျောက် မည်တကား။ 

0 comments:

Post a Comment