Tuesday 29 May 2012

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်ပွဲ













မြ၀တီမြို့ စေတနာ နာရေးကူညီမှုအသင်းနှင့်ပရဟိတအသင်းများစုပေါင်းပြု၍
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်ပွဲခမ်းအနားကို(၂၈-၅-၂၀၁၂)ရက်နေ့
တွင်စေတနာနာရေးကူညီမှုရုံးသစ်တွင်ကျင်းပပြုလုပ်ခဲ့သည်၊အခမ်းအနားတွင်
မြ၀တီမြို့နယ်သံဃနာယကဥက္ကဌမှထံမှငါးပါးသီလခံယူပြီး ၊  စေတနာနာရေး
ဥက္ကဌဦးထွန်း မှ ကျေးဇူတင်စကားပြောကြားခဲ့ပြီး သင်တန်းဆင်/ကျောင်းသာ/
ကျောင်းသူများအား သင်တန်းဆင်လက်မှတ်များအားပေးအပ်ခဲ့ပြီး၊ထူးချွန်သင်တန်း
များအားဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

Wednesday 23 May 2012

စေတနာနာရေး










မြ၀တီမြို့ စေတနာ နာရေးကူညီမှုအသင်း လူမျိုး/ဘာသာမရွေးကူညီဆောင်ရွက်
ပေးနေသည့်အသင်းကြီးဖြစ်ပါသည်။ ၁၉-၅-၂၀၁၂ရက်နေ့အမှတ်(၁)ရပ်ကွက်
အတွင်းသေဆုံးသွားသော်ရုပ်အလောင်းအားမြ၀တီမြို့ရဲစခန်းမှမြ၀တီမြို့နာရေးကူညီမှု
အသင်းသို့ မေတ္တာရပ်ခံချက်အရ မြ၀တီမြို့ ပြည်သူ့ဆေးရုံ (ရေခဲတိုက်)
သို့ အခမဲ့ ပို့ဆောင်ပေးခဲ့သည်။

Friday 18 May 2012

ကရုဏနှင့်ပရဟတိအလှူတော်






မြ၀တီ စေတနာ နာရေးကူညီမှုအသင်း မှ (၅.၅.၂၀၁၂)ရက်နေ့တွင်
ရပ်ကွက်အတွင်းရှိ ကလေးသူငယ်များ အ၀တ်အထည်များအား
လှူဒါန်းခဲ့သည့် မှတ်တမ်းဓါတ်ပုံများ ...


Monday 14 May 2012

နာယကဦးလှသိန်းအလှူတော်မင်္ဂလာ

        မြ၀တီမြို့စေတနာ နာရေးကူညီမှုအသင်း နာယက   ဦးလှသိန်း+ဒေါ်အေးသန်း မိသားစုမှ
      လူမှုရေးနှင့်ဘာသာရေးလုပ်ငန်းများကိုစွမ်းစွမ်းတမံလုပ်ဆောင်နေသော မြ၀တီမြို့စေတနာ
      နာရေးကူညီမှုအသင်း၊အသင်းသားများအတွက် ဝေငှပေးရန် ဆန်(၄၅)အိတ်လှူန်းခြင်းနှင့်
     သံဃာတော်အရှင်သူမြတ်(၅)ပါးအား ပင့်ဖိတ်ပြီး နေ့ဆွမ်းဆက်ကပ်တရားနားခြင်း ၊အသင်းသူ
        အသင်းသားများအား စတုဒီသာဖြင့် ကျွေးမွေးဧည့် ခဲ့ပါသည်။

Friday 11 May 2012

တူညီသောခြေလှမ်းများနှင့်ပရဟိတစိတ်ဓါတ်

မန္တလေးမြို့ ချမ်းမြသုခ ပရဟိတလူမှုကူညီရေးအသင်း မှ မြ၀တီမြို့စေတနာနာရေးကူညီမှုအသင်းသို့
၅-၅-၂၀၁၂ (နေ့လည် ၁၂း၀၀)နာရီအချိန်တွင် လာရောက် လေ့လာခဲ့ကြပါသည်။
မြ၀တီမြို့စေတနာနာရေးကူညီမှုအသင်း၏ ဥက္ကဌဦးလှထွန်းမှ အများ ပြည်သူတို့အပေါ်
ကူညီဖေးမမှု ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များကို လိုက်လံ၍ ရှင်းလင်းပြသခဲ့သည်။
မန္တလေးမြို့ ချမ်းမြသုခ ပရဟိတလူမှုကူညီရေးအသင်း၏ ဥက္ကဌမှ မြ၀တီမြို့စေတနာနာရေးကူညီမှု
အသင်းသို့  နာရေးကူညီမှုလုပ်ငန်းတွင် အသုံးပြုသော အထောက်အကူပစ္စည်းများအားလှူဒါန်းခဲ့ပြီး
မြ၀တီမြို့ စေတနာ နာရေးကူညီမှုအသင်းကြီးသည်လုပ်ဆောင်ချက်များ
 ကောင်းသတင်းများကိုကြားသိရ၍ မိမိတို့၏အသင်းအနေဖြင့်လာရောက်လေ့လာမှု
 ပြုလုပ်လိုသည်မှာ ကြာပြီဖြစ်ကြောင်း၊ယခုမှမိမိတို့၏အသင်းအနေဖြင့်  
ဆန္ဒများ ပြည့်ဝခဲ့ပြီး ဖြစ်ကြောင်း ၀မ်းသာအာရ ပြောဆို နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။










 

Wednesday 2 May 2012

နှလုံးရောဂါရှိသူများမကြည့်ပါနဲ့








မြ၀တီမြို့စေတနာနာရေးကူညီမှုအသင်းသည် နာရေးကူညီမှု လုပ်ငန်းများကို အခမဲ့ကူညီဆောင်ရွှက်ပေးနေသာအသင်းဖြစ်ပါသည် 
(၁.၄.၂၀၁၂)ရက်နေ့တွင် မြ၀တီမြို့ သင်္ဃန်ညီနောင်ကျေးရွှာမှ 
 ရေချောင်းဘေတွင်သေဆုံးသွားသော်ရုပ်အလောင်း
အားသွားရောက်ကောက်ယူခဲ့သောမှတ်တမ်း  ........