Friday 11 May 2012

တူညီသောခြေလှမ်းများနှင့်ပရဟိတစိတ်ဓါတ်

မန္တလေးမြို့ ချမ်းမြသုခ ပရဟိတလူမှုကူညီရေးအသင်း မှ မြ၀တီမြို့စေတနာနာရေးကူညီမှုအသင်းသို့
၅-၅-၂၀၁၂ (နေ့လည် ၁၂း၀၀)နာရီအချိန်တွင် လာရောက် လေ့လာခဲ့ကြပါသည်။
မြ၀တီမြို့စေတနာနာရေးကူညီမှုအသင်း၏ ဥက္ကဌဦးလှထွန်းမှ အများ ပြည်သူတို့အပေါ်
ကူညီဖေးမမှု ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များကို လိုက်လံ၍ ရှင်းလင်းပြသခဲ့သည်။
မန္တလေးမြို့ ချမ်းမြသုခ ပရဟိတလူမှုကူညီရေးအသင်း၏ ဥက္ကဌမှ မြ၀တီမြို့စေတနာနာရေးကူညီမှု
အသင်းသို့  နာရေးကူညီမှုလုပ်ငန်းတွင် အသုံးပြုသော အထောက်အကူပစ္စည်းများအားလှူဒါန်းခဲ့ပြီး
မြ၀တီမြို့ စေတနာ နာရေးကူညီမှုအသင်းကြီးသည်လုပ်ဆောင်ချက်များ
 ကောင်းသတင်းများကိုကြားသိရ၍ မိမိတို့၏အသင်းအနေဖြင့်လာရောက်လေ့လာမှု
 ပြုလုပ်လိုသည်မှာ ကြာပြီဖြစ်ကြောင်း၊ယခုမှမိမိတို့၏အသင်းအနေဖြင့်  
ဆန္ဒများ ပြည့်ဝခဲ့ပြီး ဖြစ်ကြောင်း ၀မ်းသာအာရ ပြောဆို နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။










 

0 comments:

Post a Comment