Monday 14 April 2014

စေတနာအသင်းနှင့်မြ၀တီသင်္ကြန်အကြိုနေ့





    ၂၀၁၄  မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ပျော်ရွှင်စွာ နှစ်ကူးကြမည့် လူငယ်လူရွယ်များ၊
 သားသမီးများအတွက် မိဘများ၊ သက်ဆိုင်သူများ၏ ရင်ထဲက စိုးရိမ်ရင်ပူအမှတ်မည်မျှ
 အထိ ရောက်ရှိနေသည်ကို တိုင်းတာကြည့်မိပါသည်။အထူးသဖြင့်တော့ သင်္ကြန် ပွဲတော်
 ကာလ မှာမြန်မာ့ တန်ဖိုးတွေ ပျောက်ပျက် မသွားအောင် အလေးအနက် ထားကြ ရပါတော့
 မယ်။
      ကိုယ်တိုင်လည်း သင်္ကြန်အခါဆို ပျော်ခဲ့တာမို့ လူငယ်တွေပျော်ချင်ကြမှာ ကို နားလည်ပါတယ်။
 ယဉ်ကျေးစွာဆင် နွှဲရမယ့် သင်္ကြန်ဆိုတာ မမေ့စေချင်ဘူး။ သည်းခံ စိတ်မွေးကြပါ။ သတိနဲ့ပျော်ကြ ပါ။
အပျော်ရဲ့နောက်မှာ အန္တရာယ်အကြီးစားရှိတာသတိချပ်စေချင်ပါတယ်။ လူငယ်တွေ ဘေးကင်းစွာ
ပျော်ရွှင်ကြ တာကို မြင်ချင်ပါတယ်။ သင်္ကြန်ကာလရက်များအတွင်း မြ၀တီစေတနာနာရေးလူမှုကူညီရေး
အသင်းမှမိဘပြည်သူများ၏အရေးပေါ်(အက်စီးဒင့်)ကိစ္စရပ်များကိုအချိန်နှင့်တပြေညီကူညီဆောင်နိုင်ရန်
အရေးပေါ်လူနာတင်ယာဉ်ကား(၆)စီဖြင့်နေစဉ်အမျှကူညီဆောင်ရွက်ပေးနေပါတယ် ယနေ့မြ၀တီသင်္ကြန်
အကြို့နေမှာတော့ (အက်စီဒင့်)ဖြစ်တဲ့အရေးပေါ်လူနာများကိုလိုအပ်သောကူညီမှုများပြုလုပ်ပြီးဆေးရုံး
သို့အချိန်မှီ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။  ဦးလှထွန်း(စေတနာ)

0 comments:

Post a Comment