Friday 11 April 2014

မြ၀တီ-ကော့ကရိတ်တောင်ပေါ်လမ်းခရီးသည်ကားတိမ်းမှောက်











(၁၀-၄-၂၀၁၄) မြ၀တီမှ ကော့ကရိတ်သို့ ခရီးသည်များတင်ဆောင်လာသောအိုအေစစ် မှန်လုံခရီး
သည်ယာဉ်သည် တရုပ်ဖြူတောင်နှင့် အလယ်ဗိုလ်တဲကြားနေရာအရောက်တွင် ဘရိတ်ပေါက်ပြီး
ပေ(၁၀၀)ခန့်ရှိသောတဖက်ချောက်ထဲသို့ ထိုးဆင်းသွားပါသည်၊ကားထဲတွင်တဖက်နိုင်ငံတွင်အလုပ်
လုပ်ပြီးသင်္ကြန်ပြန်ခရီးသည်(၄၅) ဦးပါရှိသည်၊ကားမှာခရီးသည်များနှင့်အတူချောက်ထဲလိမ့်ဆင်းပြီး
မှန်လုံးကားအတွင်းခရီးသည်အမျိုးသား(၂)ဦး၊အမျိုးသမီး(၄)သေဆုံး၍ ၄၀ဦးဒါဏ်ရာရရှိခဲ့ပါသည်၊
ကားတိမ်းမှောက်မှုအခင်းဖြစ်ပွားရာနေရာသို့ မြ၀တီမြို့စေတနာနာရေးလူမှုကူညီရေးအသင်းမှနာယက
ဒေါက်တာကိုကိုအောင်နှင့်ဥက္ကဌ ဦးလှထွန်း နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အရေးပေါ်
သင်တန်းတက်ရောက်နေသောသင်းတန်းများနှင့်မြ၀တီမီးသတ်စခန်းမှကိုအောင်စိုးနှင့်အဖွဲ့ဝင်များမှာ
ခက်ခက်ခဲခဲကြိုးနဲ့ဆင်းပြီးကားအတွင်းအနောက်ဘက်နေရာမှညှပ်နေတဲ့သူ(၄)ဦးတိုကိုကြိုးစားဖြင့်
့ဆွဲနိုင်ခဲ့ပါသည်။ မြ၀တီစေတနာအသင်းကြီးနှင့်အတူအတူဝိုင်ဝန်းကူညီဆောင်ပေးရွက်ကြသော
ကော့ကရိတ်ခရိုင်မှတာဝန်ရှိလူကြီးမင်းများ၊မြ၀တီခရိုင်မှတာဝန်ရှိလူကြီးမင်းများ၊ ကျွန်တော်၏
အဆုံးညီလေးကိုအောင်စိုးနှင့်မြ၀တီမြို့မီးသတ်စခန်းအဖွဲ့မှတပ်ဝင်များ၊အရေးပေါ်သင်းတန်းတက်
ရောက်နေသော ငြိမ်ချမ်း နာရေးကူညီမှု အသင်း(ရွေကုက္ကို)၊မဲတော်သလေး၊မင်းလက်ပံ၊အင်ကြင်းမြိုင်
မှအရေးပေါ်သင်တန်းတက်ရောက်သော သင်တန်းသားများအားလုံးကို လုပ်ငန်းစဉ်အောင်မြင်ရေး
တက်ညီလက်ညီဖြင့်ပူးပေါင်းပါဝင်ကူညီဆောင်ပေးနိုင်ခဲ့ပါသည်။ဓါတ်ပုံ-ခွန်သန်းဇော်ဝင်း(စေတနာ)



0 comments:

Post a Comment