Monday 14 April 2014

၁/၂၀၁၄ အရေးပေါ်သင်တန်းဆင်းပွဲ

















မြ၀တီစေတနာနာရေးလူမှုရေး ကူညီရေးအသင်းရုံးချုပ်မှကြီးမှူးဖွင့်လှစ်သင်ကြား
သောနိုင်ငံတကာအဆင့်မှီအရေးပေါ်ကယ်ဆယ်ရေးလက်တွေ့သင်တန်းဆင်းပွဲ
အခမ်းအနားစေတနာသင်းရုံးတွင်ကျင်းပပြုလုပ်ခဲ့ပါသည်အခမ်းအနားသို့ မြ၀တီခရိုင်
မှဒေသအဏာပိုင်များတက်ရောက်ပြီး၊ “စေတနာ” နာရေးလူမှုကူညီရေးအသင်း အရေး
ပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ သင်ကြားပို့ချခဲ့သောသင်ခန်းစားများကိုစေတနာအသင်းမှ
အသင်းခွဲများမှအသင်းသားများအား အဖွဲ့လိုက်ယှဉ်ပြိုင်ခဲ့ပြီး၊ဆုရရှိသောသင်တန်းသား
များအားမြ၀တီစေတနာအသင်း၏ သင်တန်းနည်းပြချုပ် ဒေါက်တာကိုကိုအောင်နှင့်ဥက္ကဌ
ဦးလှထွန်းမှဆုများချီးမြှင့်ခဲ့ပြီး ၊မြ၀တီခရိုင်အုပ်ချူပ်ရေးမှူးနှင့်မြ၀တီမြို့နယ်အုပ်ချူပ်
ရေးမှူးတို့ မှ  မြ၀တီ-ကော့ကရိတ်ခရီးသည်တင်ယာဉ်တိုက်မှောက်မှုဖြစ်ပွားဖြစ်စဉ်တွင်
စွမ်းစွမ်းတမံလုပ်ကိုင်ခဲ့သော သင်တန်းသား(၂)ဦးအားဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပါသည်။
စေတနာအသင်း၏ သင်တန်းနည်းပြချုပ်ဒေါက်တာကိုကိုအောင်နှင့်ဥက္ကဋ္ဌဦးလှထွန်းတို့မှ
မိမိအသင်းအနေဖြင့်နိုင်ငံတာကာအဆင့်မှီအရေးပေါ်ကယ်ဆယ်ရေးသင်တန်းအားမြန်မာ
နိုင်ငံအတွင်းရှိနယ်ပရဟိတအသင်းများသို့(အခမဲ့)သင်ကြားနိုင်ရန်အတွက်ကြိုးစားဆောင်
ရွက်သွားပါမည်။

0 comments:

Post a Comment