Monday 22 October 2012

အရေးပေါ်အတွက် အသင့် အနေအထား







မြ၀တီစေတနာ နာရေးကူညီမှုအသင်းရှိ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း များအား အရေးပေါ် အကူ အညီတောင်း ခံသော
လူနာများအတွက် လူသားချင်းစာနာစိတ်ဖြင့် ကူညီမှုတို့ကို စတင် လုပ်ဆောင်နေရပြီဖြစ်သည်။ အရေးပေါ် ကယ် ဆယ်ရေး
လုပ်ငန်းဟုဆိုရာ၌ မီးလောင် ကျွမ်းခြင်း၊ ကားအက်စီဒင့် ဖြစ်ခြင်း၊ အမြင့်ပေါ်မှပြုတ်ကျခြင်း စသည့် အသက်အန္တရာယ်
စိုးရိမ်ရသော လူနာများအတွက် အရေးပေါ်အသက် ကယ်ဆယ်ရေး လုပ်ငန်းအဖြစ် သက်ဆိုင်ရာ အစိုးရဆေးရုံများသို့
ပို့ဆောင်ကူညီပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ အရေးပေါ်အသက်ကယ်ဆယ်ရေး လုပ်ငန်းရပ်ဖွဲ့စည်းရာတွင်စေတနာ
နာရေးကူညီမှုအသင်း(မြ၀တီ်)ရှိ အရေးပေါ် ကူညီ ကယ် ဆယ်ရေး လုပ်ငန်းအားစိတ်ဝင်တစား တတ်ကြွကြသော
အသင်းသူ/သားများအား Bangkok Free Ambulance မှ Mr.Markoနှင့် တာဝန်ရှိသူများတို့မှ အရေးပေါ်ရှေးဦး
သူနာပြုစုနည်းသင်တန်းပို့ချသွားပြီးဖြစ်ပါသည်။ စေတနာ နာရေး ကူညီမှု အသင်း(မြ၀တီ)ရှိ အသင်းသား/သူများသည်
မိမိတို့တာဝန်ကျသည့် နေ့ရက်များတွင် အလှည့်ကျ အသင့် အနေအထားဖြင့်စေတနာ  နာရေး ကူညီမှုအသင်း
(မြ၀တီ)ရှိရာတွင်နေ့စဉ် ရုံးချိန်အတွင်း တာဝန် ထမ်းဆောင် ကုသိုလ်ယူ ပေးလျှက်ရှိသည်။
ဆက်လက်၍ Mr.Marko နှင့်အဖွဲဝင်များ မြ၀တီမြို့စေတနာ နာရေးကူညီမှုအသင်းတွင်
အသုံးပြုနိုင်ရန်အတွက် အရေးပေါ်သုံးပစ္စည်များကိုပေးအပ်လှူဒါန်းခဲ့ပါသည်။

0 comments:

Post a Comment